28.မြေဝယ်ပြီ

335 42 1
                                    

ကျိရန်နဲ့လုကျန်း ရွာလူကြီးအိမ်ကိုရောက်ချိန်မှာ သူတို့မနက်စာစားတုန်းပဲရှိသေးသည်။ရွာလူကြီးကကျိရန်ကိုတွေ့တဲ့အခါအလွန်ဝမ်းသာသွားပြီး စိတ်အားထက်သန်စွာဖိတ်ခေါ်ခဲ့သည်။ကျိရန်ကိုထိုင်ခိုင်းပြီးသူ့မိန်းမကိုထမင်းခူးခိုင်းသည်။ကျိရန်ကသူမလာခင်စားခဲ့ပြီးဖြစ်ကြောင်းကိုထပ်ခါတလဲလဲပြောတော့မှသာ သူတို့နဲ့မနက်စာအတူစားဖို့ပြောနေတာကိုရပ်လိုက်တော့သည်။

ရွာလူကြီးနဲ့သူ့မိသားစုထမင်းစားနေချိန်ဖြစ်တာမို့ကျိရန်ကလာရင်းအကြောင်းကိုမပြောသေးပေ။နေရာ၌ထိုင်ကာ သူတို့မနက်စာစားပြီးသည်အထိစောင့်ဆိုင်းဖို့တွေးလိုက်သည်။သို့ပေမ်ယ့ ရွာလူကြီးကဘာလို့ဒီလာတာလဲဆိုတဲ့အကြောင်းကိုတိုက်ရိုက်မေးလေသည်။

"ကျိရန် ဒီကိုလာတာအကြောင်းရှိရမယ် ငါမင်းကိုကူညီနိုင်တာတစ်ခုခုရှိလား?"
ရွာလူကြီးကမုန့်ပေါင်းကိုနှစ်ကိုက်ကိုက်လိုက်ပြီးနောက် ယာဂုသောက်လိုက်သည်။ဝါးရင်းနဲ့ကျိရန်ကိုမေးလေသည်။

ကျိရန်ကခဏလောက်စဉ်းစားပြီး
"ဟုတ်ကဲ့ရွာလူကြီး ကျွန်တော်ဒီကိုလာခဲ့တာက ရွာလူကြီးကိုမေတ္တာရပ်ခံစရာလေးရှိ……"

"ကောင်းပြီ!"
ကျိရန်စကားမဆုံးခင်မှာပင် ရွာလူကြီးကသူ့လက်ကိုဝေ့ယမ်းပြီး

"မဆိုင်တာတွေပြောမနေနဲ့ကွာ အဓိကအချက်ကိုပြောဘာပဲဖြစ်ဖြစ်ငါလုပ်နိုင်တဲ့ထဲကဆိုရင် သေချာပေါက်မင်းကိုကူညီမှာပါ"

ရွာလူကြီးရဲ့လေသံကိုနားထောင်လိုက်တာနဲ့တင် ဒီလူကလေးနက်ပြီးခေါင်းမာမယ့်အဘိုးကြီးလို့ထင်ရသည်။ကျိရန်ကတကယ်ဆို အဲ့လောက်ထိမမျှော်လင့်ထားပေ။ရွာလူကြီးကဒီလိုပြောလာမှတော့ သူ့ဘက်ကနေလည်းကွေ့ဝိုက်မနေတော့ပေ။

"ဒါဆိုလည်း ကျွန်တော်တိုက်ရိုက်ပဲပြောတော့မယ်…ကျွန်တော်မြေဝယ်ဖို့ရွာလူကြီးနဲ့စကားပြောဖို့လာတာပါ"

"အိုး?"
ကျိရန်ကအခုလာတာဒီအကြောင်းကြောင့်ဆိုတော့ ရွာလူကြီးကအံ့ဩသွားသည်။ကျိရန်ကဘယ်လိုမိသားစုကလာတယ်ဆိုတာကိုလည်းသူကောင်းကောင်းသိပြီး လုမိသားစုနဲ့လက်ထပ်ပြီးတော့ သူ့အနေအထားကိုလည်းသူသိသည်။သူမထင်ထားတာက ကျိရန်ကအဲ့မှာရက်နည်းနည်းပဲနေပြီးသူ့ဆီမြေလာဝယ်မယ်လို့ပင်။ဒါကြောင့်သူကတူနဲ့ပန်းကန်လုံးကိုချလိုက်ပြီး
"ပင်လယ်အော်ရဲ့တောင်ဘက်အစပ်မှာမြေကွက်တစ်ခုရှိတယ်။မြေကသိပ်မကြီးဘူး၊ဒါကြောင့်အခုမင်းနေနေတဲ့နေရာလောက် ကျယ်ဘူး။ဒါပေမယ့်မင်းနေဖို့ဆိုရင် လုံလောက်တာထပ်ကိုပိုတယ် မြေအနေအထားကကောင်းပေမယ့် သေးလွန်းတယ်။အဲ့တာကြောင့်မို့အခုထိဘယ်သူမှမဝယ်ကြသေးတာလေ။အကယ်လို့မင်း…"

ဝိဉာဏ်ကူးပြောင်းပြီးနောက်သရဲခင်ပွန်းနဲ့အတူရှင်သန်နေထိုင်ခြင်း[မြန်မာဘာသာပြန်]Where stories live. Discover now