13.အဲ့ဒါဘာကြီးလဲ?အနံ့ကအရမ်းအရသာရှိတာပဲ!

770 111 2
                                    

Unicode and Zawgyi
ကျိရန်ကအဘွားလုရဲ့စကားများနေတုန်း သူတွေးလိုက်တာကနိုင်ဖို့ပဲ။အခုလည်းသူကစကားများတဲ့နေရာမှာနိုင်သွားပြီး လုကျန်းက‌လည်းသူနဲ့ဘေးချင်းကပ် တိတ်တဆိတ်လျောက်နေတယ်။ကျိရန်ကကိုယ့်ကိုယ်ကိုယ်အပြစ်ရှိသလိုမခံစားရဘူး။သူကလုကျန်းကိုမျက်လုံးထောင့်လေးကနေခိုးကြည့်လိုက်ပြီးလုကျန်းရဲ့မျက်နှာကဘာအမူအရာမှမပြောင်းလဲတာကြောင့် ပျော်တာလားမပျော်တာလားမသိတော့ပေ။

လုကျန်းကိုခိုးကြည့်ရင်းအလုပ်များနေတော့ ကျိရန်ကလမ်းကိုဂရုမစိုက်မိပေ။တံခါးဝင်ပေါက်ကိုတိုက်မိပြီးချော်လဲတော့မလိုဖြစ်သွားတယ်။ကျိရန်ရဲ့လက်ကိုအချိန်မှီမြန်မြန်ဆုပ်ကိုင်ခဲ့တဲ့လုကျန်းကျေးဇူးကြောင့်မြေပြင်နဲ့ခေါင်းနဲ့မိတ်မဆက်လိုက်တာပင်။

"မင်းဘာလို့ကိုယ့်ကိုငေးနေတာလဲ?ခြေလှမ်းကိုဂရုစိုက်"
လုကျန်းကသက်ပြင်းချလိုက်ပြီး
"ကိုယ်ဒေါသမထွက်ပါဘူး"

"ဟာဟား..."
လုကျန်းကသူပြောချက်တာကိုသိနေတဲ့ပုံပဲ!ကျိရန်ကစိတ်သက်သာရရသွားပြီးပိုပြီးလည်းရှက်သွားတယ်
"အင်းပါ ကျတော်လည်းအဲ့လိုအဖွားအိုကြီးနဲ့ရန်ဖြစ်ဖို့မရည်ရွယ်ပါဘူး။ဒါပေမယ့် ဒီလိုအခြေအနေမျိုးမှာကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်လိုက်ဘူး"

"ကိုယ်တကယ်ဒေါသမထွက်ဘူး…"
အခုချိန်မှာသူတို့ကခြံထဲပြန်ရောက်ပြီးဘယ်သူမှလည်းကြည့်မနေတာကြောင့်လုကျန်းကကျိရန်ဆီကတောင်းကိုယူပြီးသူ့နောက်ကျော်မှာထမ်းကာအိမ်ထဲဝင်သွားတယ်။ကျိရန်ကအခုသယ်စရာဘာမှမရှိတော့ဘဲ ဖိနပ်ကိုမြန်မြန်ချွတ်ကာ နာနေတဲ့ခြေချောင်းလေးတွေကိုပွတ်သပ်လိုက်တယ်။နည်းနည်းသက်သာလာတဲ့အခါ ဖိနပ်အမြန်ပြန်စီးပြီးလုကန်ေးနောက်ကိုပြေးလိုက်သွားတယ်။

"သူတို့အကုန်လုံးကိုတဲထဲမှာပဲထားလိုက်ပါ ကျတော်တို့သန့်ရှင်းရေးနဲနဲလောက်လုပ်ရမယ် အကုန်လုံးကိုသိမ်းဖို့နေရာလည်းရှာရမယ် ပြီးတော့တောင်းကိုနောက်မှပဲပြန်ပေးတော့မယ်"

ကျိရန်ကိုဘာမှလုပ်ခွင့်မပေးဘဲ လုကျန်းကထောင့်တစ်နေရာကိုမြန်မြန်ပြင်ဆင်လိုက်တယ်။သစ်သားပြားတစ်ပြားကိုတွေ့ပြီးထောင့်စွန်းမှာတောင်းကိုတင်လိုက်ပြီး တောင်းထဲကပစ္စည်းတွေကိုထုတ်လိုက်တယ်။

ဝိဉာဏ်ကူးပြောင်းပြီးနောက်သရဲခင်ပွန်းနဲ့အတူရှင်သန်နေထိုင်ခြင်း[မြန်မာဘာသာပြန်]Where stories live. Discover now