Unicode and Zawgyi
အခန်းထဲအထိပြန်သယ်လာခံရပြီးတဲ့အထိကိုကျိရန်ကစိတ်ရှုပ်နေဆဲပင်။သူ့ကိုယ်တိုင် သူ့ခံစားချက်တွေကိုဘယ်လိုဖော်ပြရမလဲဆို မသိလောက်အောင် စိတ်တွေရှုပ်ထွေးနေတယ်။
"မင်းအရမ်းညစ်ပတ်နေတယ် ကုတင်ပေါ်မှာအိပ်လို့မရဘူး၊ဒီမှာခဏထိုင် မီးဖိုထဲမှာကိုယ်မင်းအတွက်ရေနွေးသွားစပ်ပေးမယ်"
လုကျန်းကကျိရန်ကိုစားပွဲ့ရှေ့ကခုံတန်းလေးဆီကိုခေါ်သွားကာထိုင်ဖို့ကူညီပေးပြီးနောက် ထွက်သွားတယ်။အခုအခန်းထဲမှာတစ်ယောက်ထဲကျန်ခဲ့တဲ့ကျိရန်ကထပ်ပြီးဆဲချင်လာပြန်တယ်။
'လုကျန်းကငါ့ကိုညစ်ပတ်တယ်လို့ပြောလိုက်တာလား?!အဲ့ဒါဘယ်သူ့အပြစ်လဲ?လုကျန်းရဲ့ထူးဆန်းတဲ့အံ့ဩစရာတွေသာကြောက်မနေရင်ကြောင်တစ်ကေုင်ဆီကနေအအုပ်ခံလိုက်ရမှာလား?သောက်ကျိုးနဲကြောင်ကငါ့မျက်နှာတောင်ကန်သွားသေးတာဟ!!'
ခေါင်းကိုလှည့်လိုက်ပြီးနောက်ဝိဉာဏ်ကျောက်ပြားကိုတွေ့ရတယ်။ကျောက်ပြားကိုလက်ထဲမှာကိုင်ပြီးနီးနီးနားနားဆွဲယူပြီး အနီးကပ်ကြည့်ဖို့စိတ်ကူးလိုက်ပေမယ့်နဲနဲကြောက်နေသေးတာကြောင့် နောက်ဆုံးမှာထိုဝိဉာဏ်ကျောက်ပြားကိုစိုက်ကြည့်ရုံပဲတတ်နိုင်တော့တယ်။
ရိုးရိုးသားသားပြောရရင်ကျိရန်ကထိန်လန့်နေတယ်ဆိုပေမယ့်လုကျန်းက သူထင်ထားသလိုမဟုတ်ဘဲသူ့ကိုနောက်နေတာလို့မျှော်လင့်နေတုန်းပဲ။ရှေးတရုတ်စာလုံးတွေကလည်းမရေမရာပုံစံတွေနဲ့!ဝိဉာဏ်ကျောက်ပြားမှာရေးထားတဲ့ဟာကိုသူလုကျန်းလို့မှားမှတ်မိတာပဲဖြစ်လိမ့်မယ်!ဟုတ်တယ်မလား?သူတစ်ချိန်လုံးမှားခဲ့တာပဲဖြစ်လိမ့်မယ်!
စိတ်ထဲသေချာတွေးလိုက်ပြီးနောက် သူအရင်လိုမကြောက်တော့ချေ။လက်နှစ်ဖက်ကိုပူးပြီးဦးတော်လုပ်ကာ ကျောက်ပြားကိုရှိခိုးလိုက်ပြီး
"ကျတော်လုပ်သမျှကိုခွင့်လွှတ်ပေးတော်မူပါ"ဝိဉာဏ်ကျောက်ပြားကိုယူကာ ထိုကျောက်ပြားကိုချည်ထားတဲ့ဖဲပြားအနီရောင်ကိုလွှင့်ပစ်လိုက်ပြီး ထိုပေါ်ကရေးထားတဲ့ကမ္ပည်းကိုလက်ချောင်းထိပ်လေးတွေနဲ့ထိလိုက်တယ်။ကျိရန်ကအလွန်အာရုံစူးစိုက်နေတာကြောင့်သူ့ပုံစံက အရေးမကကြီးတဲ့အသေးစိတ်လေးကအစလိုက်ပြီးကြည့်နေတဲ့အဖိုးအိုတစ်ဦးနဲ့တူတယ်။
"ဒီအက္ခရာတွေကဘာလဲဆိုတာငါမသိသေးဘူး!ဟူး…တနေ့နေ့ဒီလိုဖြစ်မယ်မှန်းသာသိရင်ငါစိုက်ပျိုးရေးမေဂျာမယူခဲ့ဘဲတရုတ်ဘာသာစကားမေဂျာယူခဲ့ပါတယ်ကွာ!အရင်တုန်းကတော့ငါ့မှာကောလိပ်ဘွဲ့ရတစ်ယောက်ဖြစ်ပြီးတော့ အခုလိုရှေးခေတ်လည်းရောက်ရောငါ့မှာစာမတတ်တဲ့သူဖြစ်သွားရော!ဒီစကားလုံးတွေကဘာလဲဆိုတာပြောပြနိုင်မယ့်တစ်ယောက်လောက်လာစမ်းပါကွာ!"
ESTÁS LEYENDO
ဝိဉာဏ်ကူးပြောင်းပြီးနောက်သရဲခင်ပွန်းနဲ့အတူရှင်သန်နေထိုင်ခြင်း[မြန်မာဘာသာပြန်]
RomanceTitle _ ဝိဉာဏ်ကူးပြောင်းပြီးနောက်သရဲခင်ပွန်းနဲ့အတူရှင်သန်နေထိုင်ခြင်း ဝိဉာဏ်ကူးပြောင်းပြီးနောက်မှာ ဧကရာဇ်ရဲ့အမိန့်ကြောင့်သရဲကိုလက်ထပ်ဖို့ဖြစ်လာတဲ့ကျိရန် မမျှော်လင့်ဘဲ သရဲကအရမ်းချောမောနေတဲ့အပြင် သူ့ကိုသေးသေးမွှားမွှားလေးကအစဂရုစိုက်နေတဲ့အခါ...