10.တွေးကြည့်ရုံနဲ့တင်အရမ်းမိုက်နေပြီ

956 126 5
                                    

Unicode and Zawgyi
မနက်မိုးလင်းတော့ သူ့ကိုသူတို့နဲ့အတူထမင်းစားခွင့်ပေးဖို့မဖြစ်နိုင်တာကိုသိလိုက်တယ်။

ဒါကြောင့်သူလုပ်ရမယ့်ပထမဆုံးအရာကကိုယ့်ဘာသာကိုယ်ရှာစားဖို့နည်းလမ်းရှာဖို့ပဲ…

ဒါပေမယ့်လည်း *အိုးခွဲစားတယ်မျိုးကထင်သလောက်မရိုးရှင်းဘူး။ထင်း၊ ဆန်၊ ဆီ၊ ဆား၊ ပဲငံပြာရည်၊ ရှာလကာရည်၊ လက်ဖက်ခြောက် အစရှိတဲ့ နေ့စဉ်လိုအပ်တဲ့ပစ္စည်းတွေ လုံလုံလောက်လောက်ရှိဖို့လိုအပ်တယ်။ထင်းဆိုတာနေရာတိုင်းမှာရှိနေတာကြောင့်သူ့အတွက်ပြဿနာမရှိပေမယ့် ကျန်တာတွေကိုတော့ငွေနဲ့ဝယ်မှရမည်။ပြဿနာကလည်း သူ့မှာပိုက်ဆံတစ်ပြားမှမရှိတာ။
(*အိုးခွဲစားတယ်ဆိုတာက အိမ်မှာအရင်တုန်းကမိသားစုနဲ့အမေချက်သမျှအကုန်စားရတယ်ဆိုပေမယ့်အိမ်ထောင်ကျတဲ့အခါ အိမ်ခွဲမနေဘဲတစ်အိမ်တည်းနေပေမယ့်လည်း ကိုယ့်ဘာသာကိုယ်ချက်ပြုတ်ပြီးစားရတာမျိုးပါ)

"ဘာဖြစ်လို့လဲ?မင်းကြည့်ရတာစိတ်ပူနေပုံပဲ"
ကျိရန်ကပြောပြီးတာနဲ့မတ်တပ်ရပ်တယ်။သူ့ဘဝမှာသူသာဘုရင်လို့ယုံကြည်ထားပြီးအိမ်ထဲဒီတိုင်းထိုင်နေလို့ကတော့ဘာမှမရမှာကိုလည်းသူသိတယ်

"ကိုယ်မင်းနဲ့လိုက်ခဲ့မယ်"
လုကျန်းလည်းမတ်တပ်ထရပ်လိုက်တယ်။

ကျိရန်ကပြန်မဖြေခဲ့။သူဒီနေရာနဲ့မရင်းနှီးတဲ့အတွက်လုကျန်းနဲ့အတူရှိနေရတာလည်းကောင်းတာပဲ…

လုမိသားစု၏တဲထဲကထွက်လာပြီးနောက်ကျိရန်ကဟိုဟိုဒီဒီလျှောက်ကြည့်ရင်းဒီနေရာရှုခင်းကအရမ်းလှပြီးပတ်ဝန်းကျင်ကလည်းတော်တော်လေးကောင်းတာကိုတွေ့လိုက်ရတယ်။သူ့နောက်မှာတောင်တန်းကြီးတွေရှိပြီး မြစ်ကိုမျက်နှာမူထားတယ်။ဖုန်းရွှေဟုခေါ်တဲ့တရုတ်ပထဝီဝင်အနေအထားကိုအခြေခံပြီးဒီနေရာတကယ့်ကိုနေရာကောင်းတစ်ခုဖြစ်၏။ဒီနေရာကကျိမိသားစုနေတဲ့ရွာထက်ပိုချမ်းသာတာအံ့ဩစရာမရှိတော့ပေ။ပတ်ဝန်းကျင်ကောင်းဆိုတာကသဘာဝတရားကြီးရဲ့လက်ဆောင်တစ်ခုဖြစ်ပြီး တခြားလူတွေကမနာလိုဖြစ်ရုံကလွဲလို့ဘာမှမလုပ်နိုင်ကြချေ။

ဝိဉာဏ်ကူးပြောင်းပြီးနောက်သရဲခင်ပွန်းနဲ့အတူရှင်သန်နေထိုင်ခြင်း[မြန်မာဘာသာပြန်]Where stories live. Discover now