27.ရင်ခုန်သွားပြီ

409 43 2
                                    

ရုတ်တရက် အော်သံကြောင့် ကျိရန်နိုးလာသည်။နေရာဝေး‌တယ်ဆိုပေမယ့် စူးပြီးကျယ်လွန်းတဲ့အသံက အိမ်ခေါင်မိုးကိုတောင်ထိုးဖောက်ဝင်နိုင်ပုံဘဲ။လန်ရှင်းလဲ့၏စူးရှတဲ့အသံကအတော်လေးကိုကျယ်ပြီး တောလိုက်သေနတ်ထက်တောင်ပိုပြီးအားကောင်းလောက်သည်။

ကျိရန်က စောင်ကိုကိုင်ကာ ထထိုင်လိုက်သည်။စိတ်ရှုပ်ထွေးနေပြီး ခဏအကြာမှသာထိုအော်သံက လန်ရှင်းလဲ့အသံမှန်းသဘောပေါက်သွားသည်။သူမရူးများသွားတာလား?အပြင်ဘက်ကိုကြည့်လိုက်သည့်အချိန်တွင်မှောင်မဲနေသည်။မိုးချုပ်မှောင်တာလား?မိုးမလင်းသေးလို့မှောင်တာလား?ဆိုတာသူမသိ။သူအစောကြီးအိပ်ခဲ့တာဖြစ်ပြီး ဒီမှာက နာရီတွေဆိုတာမရှိတော့နည်းနည်းရှုပ်ထွေးနေသည်။

လုကျန်းကလည်းသူ့ဘေးတွင်မရှိပေ။ကျိရန်နိုးလာပြီးနောက် ဗိုက်အတော်လေးဆာနေပြီဖြစ်လို့ သူပြန်မအိပ်တော့ပေ။စောင်ကိုဖယ်ပြီး မီးခွက်ကိုကိုင်ကာ တဲထဲသွားကာ တစ်ခုခုချက်ပြုတ်ဖို့စဉ်းစားလိုက်သည်။ဒါပေမယ့် ထိုနေရာကိုရောက်တဲ့အခါ မီးမွှေးထားဆဲဖြစ်ပြီး မီးဖိုပေါ်မှာအဖုံးပါတဲ့အိုးတစ်လုံးရှိနေတာကိုတွေ့ရပြီး အငွေ့တထောင်းထောင်းထနေသည်။ပူပူနွေးနွေးအစားအစာက ကျိရန်၏ရှေ့တည့်တည့်မှာပင်။

ကျိရန်မျက်လုံးများတောက်ပလာသည်။ရှေ့နည်းနည်းတိုးလိုက်ပြီးအဖုံးကိုဖွင့်လိုက်သည်။သူမျှော်လင့်ထားသည့်အတိုင်းပင် အိုးထဲတွင်စားစရာရှိနေသည်။အိုး၏အောက်ခြေတွင်ဆန်ရှိနေပြီး အပေါ်တွင်ဝါးခြမ်းဖြင့်ကန့်ထားတဲ့ ဟင်းအကန့်လေးရှိနေသည်။ဤနည်းဖြင့် နေရာအများကြီးလည်းမလိုဘဲ စားစရာတွေကိုပူပူလောလောထားနိုင်သည်။ဟင်းကအိုးထဲထည့်ထားတာကြာပေမယ့် အနံ့အရသာရှိနေတုန်းပင်။

ကျိရန်ကလုကျန်း၏တွေးခေါ်နိုင်တတ်မှုကြီးကို ကျေနပ်နေလေသည်။အိုးအဖုံးကိုဘေးဖယ်လိုက်ပြီးနောက် လက်ဖဝါးနှစ်ဖက်ကိုပွတ်သပ်လိုက်သည်။ကျိရန်ကအိုးကိုအခန်းထဲယူသွားဖို့အဆင်သင့်ဖြစ်နေချိန် လုကျန်းက တဲထဲဝင်လာတော့သည်။

"ကိုယ် လုပ်ပါရစေ"
မျက်စိတစ်မှိတ်အတွင်းမှာပဲလုကျန်းကကျိရန်ဘေးနားရောက်နေလေပြီ။သူ ပြောလည်းပြော ကျိရန်ကိုဘေးဘက်ကိုဆွဲဖယ်လိုက်ပြီး
"အခန်းထဲပြန်သွားထိုင်နေ…ကိုယ်စားစရာတွေယူလာပေးမယ်"

ဝိဉာဏ်ကူးပြောင်းပြီးနောက်သရဲခင်ပွန်းနဲ့အတူရှင်သန်နေထိုင်ခြင်း[မြန်မာဘာသာပြန်]Where stories live. Discover now