2.အလင်းရောင်အောက်ကလူ

1.5K 187 6
                                    

Unicode and Zawgyi

နောက်တစ်နေ့မနက်မှာ ကျိရန်ကစောစောနိုးလာပြီးသူ့ရဲ့ပထမဆုံးတုံ့ပြန်မှုက *ကားမောင်းတဲ့အိပ်မက်မက်ခဲ့တာကိုညီးတွားလိုက်တာပင်။

"ချီး!ဒိတ်အောက်နေတဲ့အိမ်ထောင်ရေးနဲ့ငရဲလိုပဲ!ငါဖြင့်ရုပ်ဝါဒီသမားဖြစ်နေတာနှစ်နှစ်ဆယ်ကျော်ပြီ!ဒါပေမယ့် သရဲနဲ့လုပ်တဲ့အိပ်မက်မက်တယ်တဲ့!သောက်ကျိုးနည်းဟ!!!!ဒီလက်ထပ်ပွဲကငါထင်ထားတာထက်ပိုကီုးစိတ်ထိခိုက်စရာပဲ!"

ညည်းတွားရင်းနဲ့ သူ့အာခေါင်အရမ်းခြောက်နေသလိုခံစားရသည်။အရက်နာကျနေတယ်လို့ထင်ပြီးရေသောက်ဖို့အိပ်ယာထလိုက်တာနဲ့တောင့်တောင့်ကြီးဖြစ်သွားတယ်!

ခါးနဲ့ခြေထောက်တွေအပြင် သူရဲ့သီးသန့်နယ်မြေက ကွဲနေသလိုမျိုးနာကျင်နေတာကြောင့် ချွေးစေးတွေစီးကျလာတယ်။နာကျင်မှုကပြင်းထန်လွန်းတော့ အရင်ကတစ်ခါမှမဖြစ်ဖူးပေမယ့်လို့ အခုသူ့ကိုယ်သူဘာဖြစ်လဲဆိုတာသိလိုက်ရပြီးရယ်ချင်စိတ်လေးကြက်ပျောက်ငှက်ပျောက်ပျောက်ကုန်တယ်။

ဒါအိပ်မက်မဟုတ်ဘူးဟ!သောက်ရမ်းငရဲကျသလိုနာနေတာဟ!!

"အိုး!"
ကျိရန် ကနဦးမှာတောင့်တောင့်ကြီးဖြစ်နေပေမယ့် နောက်တော့ဖြစ်ပျက်ခဲ့တာကိုသဘောပေါက်ပြီးစောင်ခေါင်းမြီးခြုံလိုက်တော့တယ်။
"ချီး!ဒါအိပ်မက်မဟုတ်ဘူးဟ!!ငါသရဲဆီကနေအလုပ်ခံလိုက်ရပြီ!!!"

ခဏအကြာအော်ပြီးနောက် ကျိရန်ရုတ်တရက်ထိတ်လန့်တုန်လှုပ်သွားတယ်။သရဲနဲ့အိပ်ပြီးတာကိုသိလိုက်ရမှတော့ဘယ်သူကစိတ်အေးနေနိုင်မှာလဲ?အဲ့ဒါကတုန်လှုပ်ခြောက်ခြားစရာကြီး!

ကျိရန်သူ့ဘာသာစိတ်ကူးယဉ်မိသလားတော့မသေချာပေမယ့်သူ့ခန္ဓာကိုယ်ကခြုံထားတဲ့စောင်တောင်အေးစက်နေသလိုပဲထင်မိတယ်!အရမ်းအေးလွန်းပြီးစောင်ကသူ့အတွက်အနွေးဓာတ်မပေးသလိုဘဲ!

စောင်အောက်မှာ တုန်တုန်ယင်ယင်နဲ့ ကျိရန်တစ်ယောက်တကယ့်ကိုအော်ငိုချင်နေလေပြီ။
'ဒါကြီးကတရားဘူး!လူသေတစ်ယောက်နဲ့ဝိဉာဏ်ကျောက်ပြားနဲ့လက်ထပ်လိုက်ရတာတောင်မှကံမကောင်းတာကမလုံလောက်သေးဘူးလား?အခုသရဲပါအခြောက်ခံနေရပြီ!!?'

ဝိဉာဏ်ကူးပြောင်းပြီးနောက်သရဲခင်ပွန်းနဲ့အတူရှင်သန်နေထိုင်ခြင်း[မြန်မာဘာသာပြန်]Where stories live. Discover now