8.မနက်စောစောစီးစီးဒရမ်မာဇာတ်လမ်း

1K 132 2
                                    

Unicode and Zawgyi

ကျိရန်က ဒီမိသားစုကိုပထမဆုံးရောက်တဲ့နေ့ကိုကြောက်ကြောက်လန့်လန့် ထိတ်ထိတ်လန့်လန့် ဖြတ်သန်းခဲ့ရတယ်။လုကျန်းကသူ့အတွက်စားစရာအဆင်သင့်ပြင်ပေးထားတာမို့မိသားစုဝင်တွေနဲ့သွားစားစရာမလိုပေ။အခြားမိသားစုဝင်တွေကလည်း သူ့ကိုမဖော်ရွေကြတဲ့အပြင်‌ရှောင်နေကြတာကြောင့်သူကိုယ်တိုင်လည်းစိတ်ထဲမထားတော့ချေ။ဘယ်လိုပဲဖြစ်ဖြစ်သူ့ဘဝမှာသူသာဘုရင်ဖြစ်တယ်။‌ယောက်ျားတစ်ယောက်အနေနဲ့သူကအလွယ်တကူအရှုံးပေးမယ့်သူမျိုးမဟုတ်ချေ။ဘယ်လိုပဲဖြစ်ဖြစ်ကျိရန်မမျှော်လင့်ထားတာက အစားစားပြီးတာနဲ့ပြဿနာတက်တော့တာပင်။လူတွေပြောကြသလိုပဲကောင်းတာပဲဖြစ်ဖြစ်၊ဆိုးတာပဲဖြစ်ဖြစ်ကြုံလာတဲ့အခါ တစ်ခုမှသူတို့ရှောင်လွှဲလို့ရတာမဟုတ်ပေ။ဘာမှမဖြစ်ချင်လို့အိမ်မှာထိုင်နေရင်တောင် အဲ့တာတွေကမင်းဆီကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတာမျိုးပင်။ကံဆိုးမှုတွေကလည်းကျိရန်ထံကိုမထင်မှတ်ဘဲရောက်လာခဲ့တယ်။မနေ့ကတည်း သူလက်ထပ်ထားတဲ့အခန်းထဲမှာရှိနေတာဖြစ်ပြီး ယုတ်ဆွအဆုံးဘယ်သူနဲ့မှလည်းစကားမပြောခဲ့ဘူး။ဒါပေမယ့်အခုတော့သူခိုးပါဆိုပြီးကျိန်းသေစွပ်စွဲခံနေရပြီ။

နေထွက်ခါစ နေရောင်လေးကပထမဆုံးဖြာကျနေတဲ့အချိန်မှာ အဖွားလုလို့ခေါ်တဲ့အမျိုးသမီးကသူ့ဆီကိုဒေါသတကြီးနဲ့ရောက်လာခဲ့တယ်။သူမကတံခါးကိုအကျယ်ကြီးတဒုန်းဒုန်းနဲ့ထုရိုက်နေတယ်။

မနက်အစောကြီးထလိုက်ရတာမို့ ကျိရန်ခံစားချက်တို့ကကောင်းမနေချေ။သူကတံခါးကိုမပျော်မရွှင်ဖွင့်လိုက်ပြီးအဖွားလုရဲ့နှာခေါင်းကိုတိုက်မိလုနီးပါးဖြစ်သွားတယ်။

"အစောကြီးရှိသေးတာကို ဘာဖြစ်လို့လဲ?"

မနေ့ကဖြစ်ပျက်ခဲ့တာတွေရောလုကျန်းပြောတာတွေရောကိုအခြေခံပြီးတော့ကျိရန်ကလုမိသားစုအပေါ်အထင်မကြီးတော့ချေ။အခုအဲ့ဒီအဖွားကြီးကသူ့တံခါးကိုအစောကြီးလာခေါက်နေတာကြောင့်စိတ်တိုနေလေပြီ။အဲ့ဒါအပြင်အဖွားကြီးကကျိရန်ကိုလက်ညှိုးငေါက်ငေါက်ထိုးနေတာမို့ဒေါသထွက်လာခဲ့တယ်။
"ဟဲ့ကောင်လေးနင်သိလား?မနေ့ကတော့နင်ကတစ်နေကုန်အခန်းထဲအောင်းနေတာများ ထမင်းစားချိန်တောင်ပေါ်မလာဘူး!ငါ့မှာနင်ဗိုက်ဆာနေမလားဆိုပြီးစိုးရိမ်နေလိုက်တာ!နင်ကတော့ဘာဖြစ်သလဲဟမ်?နင်ကဘယ်ဗိုက်ဆာမလဲ?ငါတို့ဆီးကစားစရာတွေကိုခိုးထားခဲ့တာကိုး!!"

ဝိဉာဏ်ကူးပြောင်းပြီးနောက်သရဲခင်ပွန်းနဲ့အတူရှင်သန်နေထိုင်ခြင်း[မြန်မာဘာသာပြန်]Where stories live. Discover now