9.ကိုယ်ယူခဲ့တာ

1K 128 2
                                    

"အာ...ယောက်ျား!"
အဘွားလုကအသိဝင်လာပြီးအသတ်ခံရခါနီးဝက်တစ်ကောင်လိုအော်ဟစ်လိုက်တယ်။
"နင်တို့ဘာစောင့်နေတာလဲ?နင့်အဖေကိုသူ့အိပ်ခန်းထဲမြန်မြန်ပြန်သယ်သွား!မတရားလိုက်တာ!နင်ကခိုးပြီး ငါတို့ကိုရိုက်တောင်ရိုက်လိုက်သေးတယ်!နင့်မှာအသိတရားမရှိဘူးလား?"

အဘွားလုရဲ့အငျိန်ဆဲခံနေရတဲ့ကျိရန်ကသူ့မှာသက်သေတွေအများကြီူရှိတာကြောင့်အရေးတယူဖြေမနေတော့ချေ။လူတော်တော်များများကလည်းတံခါးရှေ့မှာရပ်ပြီးဖြစ်ပျက်သမျှကိုစောင့်ကြည့်နေကြတယ်။သူတို့တွေကမျက်ကန်းတွေမဟုတ်တာကြောင့် ကျိရန်ကဘယ်သူ့ကိုမှအနိုင်မကျင့်ကြောင်းသက်သေပြနိုင်ကြတယ်။

အတွေးထဲကကျိရန်ကကြိတ်ပြီးခိုးရီနေတော့တယ်။ဒါဆို သူက လန်ရှင်းလဲ့ကိုကျေးဇူးတင်သင့်လား?

အဘွားလုရဲ့အော်သံကြောင့်သားနှစ်ယောက်ကအဘိုးအိုကိုလှမ်းဆွဲပြီးအမြန်ထွက်သွားကြတယ်။တစ်မိသားစုလုံးကမြန်မြန်ဆန်ဆန်ထွက်ခွာသွားကြပြီး မြန်တိုင်းတစ်ခုလိုအလွန်ရှုပ်ပွသွားကာကျန်ခဲ့တဲ့သူတွေကသူတို့အလွန်ကံကောင်းကြောင်းတခြားသူတွေကိုပြောနေကြတယ်။တကယ့်ကိုအံ့ဩစရာကောင်းတဲ့ပွဲပဲ!

လုမိသားစုရဲ့သူတို့ကိုယ်သူတိုလူမိုက်လုပ်ခဲ့တဲ့လမ်းကြောင်းပြီးသွားတော့အားလုံးရဲ့အကြည့်တွေက လုမိသားစုရဲ့ကြင်စဦး‌ချွေးမဖြစ်သည့် ကျိရန်အပေါ်ကျရောက်သွားတယ်။တချို့ကလည်းဖြစ်နိုင်ခြေတွေရှာကြတယ်။တချို့ကလည်းရယ်ကြတယ်။တချို့ကသူ့ကိုစာနာစိတ်ပြကြတယ်။တချို့ကသူ့ကိုအရှက်မရှိဟုထင်ကြတယ်။တိုတိုပြောရရင်အာလုံးကသူ့အကြောင်းအတင်းတုပ်နေကြတာဖြစ်တယ်။

ကျိရန်က သူ့ကိုတိရစ္ဆာန်ရုံကမျောက်တစ်ကောင်လိုစိုက်ကြည့်နေတာကိုလည်းစိတ်မဝင်စားချေ။တံခါးနားကတီးတိုးပြောနေကြတဲ့လူအုပ်ကိုအေးစက်စွာကြည့်လိုက်ပြီး နောက်ပြန်လှည့်ကာအခန်းထဲကို လျှောက်သွားတယ်။တံခါးပိတ်လိုက်တာနဲ့တစ်ဖက်ပြတင်းတံခါးကလေတိုက်ပြီးပွင့်သွားခဲ့ပြီးနောက်ချွန်မြတဲ့အနက်ရောင်အရိပ်တစ်ခုကဝင်လာတယ်။

ဝိဉာဏ်ကူးပြောင်းပြီးနောက်သရဲခင်ပွန်းနဲ့အတူရှင်သန်နေထိုင်ခြင်း[မြန်မာဘာသာပြန်]Where stories live. Discover now