[ ဒုတိယအကြိမ် တွေ့ဆုံခြင်း ]
" ဘယ်ဝင်ဦးမလို့လဲ "
ကားမောင်းသူနေရာမှ အလုပ်ရှုပ်နေသော အကိုဖြစ်သူကို Yujin လှမ်းမေးလိုက်ခြင်းဖြစ်သည်. ကျောင်းလာကြိုပြီးလျှင် တော်တန်ရုံနဲ့ လမ်းကြုံဆိုင်တစ်ဆိုင်ပင်ဝင်မထိုင်ခိုင်းဖူးသော အကိုဖြစ်သူ Hanbin က အခုမှ အိမ်ပြန်လမ်းကို ဦးတည်ခြင်းမဟုတ်သော တခြားကို ဦးတည်နေ၍ ထူးထူးဆန်းဆန်းဖြစ်ကာ မေးလိုက်ခြင်းပင်.
" hyung သူငယ်ချင်းတစ်ယောက်နဲ့ ချိန်းထားလို့ . Yujin အဆင်ပြေတယ်မလား "
" ရပါတယ် "
" အစက hyung အိမ်ကိုအရင်ဝင်ပို့မလို့ပဲ နောက်ကျနေတာနဲ့ သူ့ကိုလည်း မစောင့်စေချင်လို့လေ အားနာစရာ "
" အွန်း "
" မုန့်စားချင်ရင်လည်း စားလေ ဒီနေ့တော့ ဝယ်ကျွေးမယ် "
" အွန်းအွန်း "
မုန့်ဝယ်ကျွေးမယ်ဆိုတာနဲ့ အခွင့်ရေးလေးရသည့်နှယ် ပျော်ရွှင်သွားသော Yujin ကို လှမ်းကြည့်ရင်း အကိုဖြစ်သူကတော့ ခေါင်းတခါတခါသာလုပ်နေတော့သည်. Hanbin မုန့်မဝယ်ကျွေးဘူးဆိုတာ ကပ်စေးနှဲလို့မဟုတ်ပဲ တမင်ကို အပြင်သာမကျွေးချင်၍ မကျွေးတာမျိုး . လူကပိန်ချုံးနေသော ညီငယ်ကို ဝဖြိုးလာဖို့ဆိုလျှင် အစားအစာများများစားရမယ် များများအိပ်ရမယ်ဆိုတာကြီးပဲ . စားရင်လည်း အိမ်စာမှ အိမ်သာပဲ ကျွေးတတ်သော စည်းကမ်းကြီးနဲ့ အကိုကြီး Hanbin ရယ်ပေါ့.
" ကဲ အောက်ကိုလိုက်ဆင်းမလား . ကားထဲပဲ ကျန်နေခဲ့ချင်လား . Yujin သဘော "
ဆိုင်အခြေအနေကို ကားထဲမှ တစ်ချက်လှမ်းအကဲခတ်လိုက်သည် . ပြုံးစိစိနဲ့ပဲ ပြန်ဖြေလိုက်တော့တာပေါ့
" လိုက်ချင်တယ် မုန့်ဝယ်ကျွေးမယ်ဆို "
" ဒါဆို ဆင်း "
သွက်သွက်လက်လက်ပဲ ကားပေါ်ကဆင်းလိုက်ပြီး ကျောပိုးထားတဲ့အိပ်က ကြိုးနှစ်စကို လက်တစ်ဖက်တစ်ချက်စီနဲ့ ဆုပ်ကိုင်ထားတဲ့ ပုံစံက တကယ့်ကလေးပေါက်စလေးလို. ဒါကြောင့်မို့လည်း တအိမ်လုံးက သဲသဲလှုပ်ချစ်ကြတာပေါ့ .
YOU ARE READING
𝗛𝗮𝗽𝗽𝗶𝗲𝗿 [ 규진 ] COMPLETED
Fanfiction𝙢𝙖𝙞𝙣 𝙘𝙥 - 𝚐𝚢𝚞𝚓𝚒𝚗 𝙨𝙞𝙙𝙚 𝙘𝙥 - 𝚋𝚒𝚗𝚑𝚊𝚘 𝘴𝘵𝘢𝘳𝘵 - 02.05.23 𝘵𝘶𝘦𝘴𝘥𝘢𝘺 𝘦𝘯𝘥 - 02.08.23 wed