[ Party ]
ဒီနေ့အတွက်တော့ Yujin အရမ်းစိတ်လှုပ်ရှားနေတာဖြစ်သည် . Hanbin နဲ့ အတူ အလုပ်က ပါတီပွဲတစ်ခုကို အတူလိုက်လာခဲ့ပြီး Hao hyung နဲ့လည်းတွေ့ရမယ် နောက်ပြီး Kim Gyuvin နဲ့ရော!
Suit အနက်ရောင်လေးကို အဖြူရောင်အောက်ခံနဲ့ ဝတ်ထားတဲ့ Yujin က ချစ်ဖို့ကောင်းမှုနဲ့အတူ အရွယ်ရောက်လာလို့ ခန့်ညားနေမှုလေးကလည်း အပြည့်နဲ့ . လူကောင်ခပ်သေးသေးကောင်လေးဆိုတော့ ကလေးလေးမှန်း ပွဲထဲဝင်လာတာနဲ့ အကုန်လုံးက သတိထားမိသည် .
Hanbin ကနေရာတစ်ခုမှာ ထိုင်ခိုင်းပြီး ဘာမှမကြောက်ဖို့နဲ့ စားချင်တာ အဆင်ပြေသလို သိက္ခာရှိရှိနေရင်းစားရန် အကုန်သေချာ သင်ပြပေးပီး ဒီလိုအနေအထားတွေနဲ့ ရင်းနှီးနေအောင်ဆိုပြီး တစ်ယောက်ထဲ ထားခဲ့လေသည် . ထားခဲ့တာလည်းမပြောနဲ့ Hao hyung က တအားကိုမှ အကြည်ဓာတ်ကလေးနဲ့ဆိုတော့ စိတ်မချနိုင်ပဲ Hao hyung နားကို သွားနေလေရဲ့.
" အဟမ်း "
Yujin ခါးလေးမတ်သွားကာ အသံလာရာကို ကြည့်မိတော့ ခပ်ချောချော ခန့်ခန့်သန့်သန့်အကိုတစ်ယောက်ကိုတွေ့လိုက်ရသည် . အစကတော့ နိုင်ငံခြားသားများလားဆိုပြီး လန့်သွားရာကနေ ကိုရီးယားလို နှုတ်ဆက်လာတော့မှ စိတ်အေးနိုင်တော့သည်.
" အကိုထိုင်မယ်နော် "
Yujin ဘေးက နေရာတွေကို ညွှန်ပြကာ ထိုင်ဖို့ခွင့်တောင်းနေသူအား နားမလည် . ဒါက စိတ်ကြိုက်ထိုင်လို့ရတယ်မဟုတ်လား . ဘာလို့လာခွင့်တောင်းနေတာလဲ! အဲ့တော့လည်း ခေါင်းညိုတ်ပြရုံပေါ့ .
" အကို့နာမည် Jiwoong ပါ "
" ကျွန်တော်က Yujin ပါ "
" HanBin ညီလေးထင်တယ် ဒီမှာတော့ နာမည်ကိုကြီးရောပဲ "
" ဗျာ "
" အဲ့လိုလေးတွေရှိတယ် မင်းကို ဒီအသိုင်းဝိုင်းတွေက မသိတဲ့သူရှားရောပဲ အကုန်သိတယ် Yujin ဆိုပြီး . တကယ်လည်းချစ်စရာလေးနော် . ကြည့်ဦး နာမည်လိုပဲ သေးသေးကွေးကွေးလေး "
Yujin ကို ခေါင်းလေးပုပ်လိုက် ပါးလေးဆွဲလိုက် လာလုပ်နေသော ထိုအကိုကြီးအား Yujin ကြောက်တာတော့မဟုတ်ပေမယ့် လူစိမ်းမို့ အနည်းငယ်တော့ရှိန်ပါသည် .
![](https://img.wattpad.com/cover/340802586-288-k455492.jpg)
YOU ARE READING
𝗛𝗮𝗽𝗽𝗶𝗲𝗿 [ 규진 ] COMPLETED
Fanfiction𝙢𝙖𝙞𝙣 𝙘𝙥 - 𝚐𝚢𝚞𝚓𝚒𝚗 𝙨𝙞𝙙𝙚 𝙘𝙥 - 𝚋𝚒𝚗𝚑𝚊𝚘 𝘴𝘵𝘢𝘳𝘵 - 02.05.23 𝘵𝘶𝘦𝘴𝘥𝘢𝘺 𝘦𝘯𝘥 - 02.08.23 wed