16 Unicode

979 109 1
                                    

[ လမ်းခွဲ ]

ဒီနေ့ဆို Yujin ကိုကိုနဲ့ မတွေ့ရတာ ၃ရက်ရှိခဲ့ပြီ . Gyuvin ဘက်က အမျိုးမျိုးဆက်သွယ်နေပေမယ့် Yujin ကပြန်လည်၍ တမင်တကာကို အဆက်သွယ်မလုပ်ခြင်းဖြစ်သည် . Yujin ဘယ်လိုများ အဆက်သွယ်လုပ်ရဲမှာလဲ . အချိန်တန်ရင် သူ့မေမေနဲ့ ပြန်လိုက်သွားမယ့် သူကိုလေ!

Yujin ဖုန်းထဲက Gyuvin ပို့ထားတဲ့ စာအတန်းလိုက်ကြီးကို ပြန်၍ဖတ်မိသည် . ကိုကိုကရယ်ရသည် စာတွေကြားထဲ တခါတခါ " Yujin မင်းဖတ်တာ ကိုကိုသိတယ် " ဒီလိုမျိုးသော သူသိပါတယ်ဆိုတဲ့ပုံစံနဲ့လည်း ပို့တတ်သေးတာ .

တံခါးခေါက်သံနောက်မှာ Hanbin hyung ကဝင်လာခဲ့သည် . Yujin ကိုကြည့်ပြီး သက်ပြင်းချနေတတ်သော အကိုဖြစ်သူကို သူနားမလည်ပါ ဘာလို့ဆို Yujin ကအကုန်အဆင်ပြေနေတာပဲလေ ကိုကို့ဆီကလည်းအဆက်သွယ်ရတယ် သူကသာမဆက်သွယ်ချင်၍ အဆက်သွယ်မလုပ်တာပါ .

" Gyuvin နဲ့ ခဏလောက် သွားတွေ့လိုက်ပါလား "

ဖြစ်ကြောင်းကုန်စင်ကို ကိုကိုပြောပြထားပြီးဖြစ်၍ hyung ကအကုန်သိနေသည်. Yujin ကိုဖျောင်းဖျပေမယ့် Yujin ကအကြောအရမ်းကို တင်းသည်

" ပြောစရာမှ မရှိတာ "

" မဟုတ်သေးဘူးလေ နှစ်ယောက်သားတိုင်တိုင်ပင်ပင်လေးနဲ့ လုပ်ရမယ်လို့ hyung ထင်တယ် . ပြီးတော့ Yujin ဘက်က ပြောစရာမရှိဘူးဆိုရင်တောင် သူ့မှာတော့အများကြီးရှိနေတဲ့ပုံပဲ "

" မတွေ့ချင်ဘူး "

" သူလုပ်ထားတဲ့ အပြစ်လည်းမရှိဘူးမဟုတ်လား Yujin သေချာလေး စကားပြောဖို့တော့ အခွင့်ရေးပေးသင့်ပါတယ် "

" hyung က သူ့ဘက်ကလား "

" မဟုတ်ပါဘူး ဘယ်သူ့ဘက်ကမှမဟုတ်ပဲ ကြားနေပြီးပြောရရင် တစ်ခါလောက်တော့ ပေးတွေ့သင့်တယ်လို့ hyung ကထင်တာပါ "

" ... "

"အောက်မှာရောက်နေပြန်တာ အေးဆေးထိုင်လို့ရမယ့် ဆိုင်မှာ ထိုင်ပြီး စကားသေချာပြောဖို့ သွားတွေ့လိုက်ပါ "

Hanbin ရဲ့ ဖျောင်းဖျမှု ကောင်းမှုနဲ့ Yujin တစ်ယောက် Gyuvin ကားပေါ်ပါလာရသည် .

ကားမောင်းရင်း Yujin ရဲ့ လက်ကို လှမ်းကိုင်တော့ Yujin ကဖယ်ထုတ်သည် . Gyuvin သက်ပြင်းတွေသာချနေပြီး ကားကိုသာ မောင်းနေလိုက်တော့သည်

𝗛𝗮𝗽𝗽𝗶𝗲𝗿 [ 규진 ] COMPLETEDDonde viven las historias. Descúbrelo ahora