2 Unicode

1.4K 137 0
                                    

[ စတင်ခြင်း - ]

ဒေါက် ဒေါက်"

တံခါးခေါက်သံကြောင့် ကုတင်ပေါ် လူးလှိမ့်ရင်း ဖုန်းသုံးနေသော Yujin အသွက်ကလေးထလိုက်ကာ တံခါးနားဦးတည်လိုက်သည် .

" ဟင်! "

" အယ်! "

အခန်းရှေ့ရှိနေသော Gyuvin ကြောင့် ညအိပ်နဲ့ စုတ်တီးစုတ်ပဲ့ညစ်ပေလေးဖြစ်နေသော Yujin တစ်ယောက် ဟင် ခနဲဖြစ်သွားရတာကို Gyuvin ကပါ အသံထွက်လာသည် .

" ဘယ် ဘယ်လိုလုပ် အကိုကဒီထိတက်လာတာလဲ "

" လာကြိုပေးတာလေ "

" ဘာကိုလဲ ဒီနေ့ ကျောင်းပိတ်တယ်လေ "

" အယ်! "

" ဟာ ကျောင်းဖွင့်ရင်တောင် အကိုကတော့ ဒီထိတက်လာလို့ ဘယ်ဖြစ်မလဲ ခဏဖယ်ပေးဦး Daddy ရော Daddy အောက်ထပ်မှာမရှိဘူးလား "

အခန်းဝပိတ်ရပ်နေသော Gyuvin ကိုတွန်းဖယ်ကာ အသည်းအသန် အောက်ထပ်ကို လှမ်းကြည့်နေသော Yujin ရဲ့ မနက်ခင်း အိပ်ရာထပုံစံလေးက တအားကို ချစ်ဖို့ကောင်းလွန်းတာမို့ Gyuvin တစ်ယောက် မပြုံးပဲ မနေနိုင်တော့ .

" ဟာ ကျွန်တော့အခန်းထဲ မဝင်နဲ့လေ . ဟာ ကုတင်ပေါ်လည်း မထိုင်နဲ့လေ ဒီအကိုကတော့ "

အခန်းရှေ့အလုပ်ရှုပ်နေတုန်း Gyuvin က အခန်းထဲထိ ဝင်ကာ ဟိုဟိုဒီဒီ မျက်စိကစားရင်း ကုတင်စွန်းလေးမှာထိုင်နေလိုက်တာကို ဒီကလေးက အသည်းအသန်အော်နေတာ.

" ဒီမှာမထိုင်တော့ အကိုက ဒီအောက်မှာ ဒီလိုထိုင်ရမှာလား "

Gyuvin က စချင်လာတာနဲ့ ကုတင်ဘေး ကြမ်းခင်းပေါ် ထိုင်ချပစ်လိုက်သည် . အဲ့တော့မှပဲ Yujin တစ်ယောက် အသည်းအသန် Gyuvin နားအပြေးသွားကာ လက်မောင်းကို..

" အ! "

" ထ ထ ဒီမှာပဲထိုင်တော့ "

အပြေးလေးလာထူပေးမယ်ထင်ခဲ့သော Gyvin ရဲ့ အတွေးနဲ့တခြားစီ အနားရောက်လာသော Yujin တစ်ယောက် Gyvin လက်မောင်းကို ဖျတ်ခနဲ လက်ဖျားလေးနဲ့ ရိုက်ချလိုက်တာမို့ Gyvin မှာ ပြောစရာစကားပင်မေ့ကာ ကြောင်သွားရသည် .

" စားပွဲမှ မရှင်းထားတာ . ဒီမှာပဲထိုင်ရမှာပေါ့ Yujin လေးရဲ့ "

" ဘာလို့တက်လာတာလဲ သူများအိမ်လေ "

𝗛𝗮𝗽𝗽𝗶𝗲𝗿 [ 규진 ] COMPLETEDTempat cerita menjadi hidup. Temukan sekarang