19 Zawgyi

264 2 0
                                    

[ USA or Love Land ]

" Yujin အဆင်ပြေလား "

လေယာဉ်ဆိုက်တာနဲ့ Luggage ကိုယ်စီဆွဲကာ လေယာဉ်ဝန်းထဲက ထွက်လာခဲ့အပြီး လာကြိုတဲ့ ကားပေါ် အထုတ်တင်တာကစလို့ Hanbin ကပဲ လုပ်တော့သည် . သူ့မှာ ပထမဆုံး လေယာဉ်စီးဖူးတဲ့ ဒီညီသေးသေးလေးကို စိတ်ပူနေတာ . ပထမဆုံးဆိုမှ ကိုရီးယားနဲ့ အမေရိကားရဲ့ လေယာဉ်ကြာချိန်ကလည်း များတာကို...

" ပြေပါတယ် . နည်းနည်းနုံးနေတာကလွဲရင် ဘာမှမဖြစ်ပါဘူး Hyung ရဲ့ "

" Hyung ကို မှီပြီး အိပ်မလား "

ပုခုံးကို ပုပ်ပြလို့ လာမှီအိပ်ဆိုတဲ့ သဘောပြောပြတော့လည်း လူကြီးပေါက်စလေးက လက်မခံပဲ ခုံနောက်ကျောကိုသယ မှီချကာ ဟော်တယ်ကို လိုက်လာခဲ့တော့သည် . အလုပ်ကိစ္စနဲ့ တစ်ပတ်လောက်ပဲနေမယ့် ခရီးမို့ Hanbin နဲ့ မိဘတွေက မလိုက်စေချင်တာကို ဒီကလေးက အတင်းကိုလိုက်လာတာ .

ဒါကို Daddy က စိတ်ဆိုးပြီး ကိုယ့်ပိုက်ဆံရှိရင် ကိုယ်လိုက်လို့ပြောလိုက်တာတောင် အံ့ဩစရာကောင်းအောင် သူ့ကိုယ်ပိုင်ပိုက်ဆံလေးတွေဆိုပြီး ထုတ်ပေးလာလို့ မိသားစုအကုန်လုံး အံ့ဩရသေး . ညီအစ်ကိုနှစ်ယောက်ထဲ ရှိချိန်မှ အတင်းမေးတော့ သူ့မုန့်ဖိုးရှိတာလေးတွေရယ် Gyuvin ဆီကခဏတောင်းလိုက်တာရယ်ဖြစ်ကြောင်း သိရတော့ Hanbin မှာ ဆူရသေးတယ် .

" ဘယ်လိုပဲ ပြန်ပေးမယ်ပြောပြောလေ Hyung တစ်ယောက်လုံးရှိနေတာကို ဘာလို့ Gyuvin ဆီကနေ သွားတောင်းတာလဲ . Yujin ကိုအဲ့လိုနဲ့ အထင်သေးသွားရင်ရော "

Yujin လည်း အဲ့လိုမျိုး Hanbin ဆူသလို စိတ်ပူနေခဲ့ဖူးပေမယ့် Gyuvin ကအဲ့လိုလူမဟုတ်လောက်ဘူး မဟုတ်လား . သူ့ကို ချစ်တယ်ဆိုတာ အမှန်မဟုတ်ရင်တောင် သူ့ကိုတော့အထင်မသေးလောက်ပါဘူးဆိုတဲ့ အတွေးကလေးက Yujin ခေါင်းထဲရှိနေတော့သည် .

" ကျွန်တော် ရောက်တာနဲ့ ပြနိပေးလိုက်မှာပါ Daddy ကပေးတာပဲကို "

အဲ့ဒီလိုနဲ့ US ခရီးစဖို့ကိစ္စကို အိမ်နဲ့ ပြသနာသေးသေးလေးတတ်ကာ အတင်းကိုလိုက်လာခဲ့ရခြင်းဖြစ်သည် . သေချာပေါက် ကိုကိုနဲ့ တွေ့ချင်လို့ဆိုပေမယ့် Yujin ကိုယ်တိုင်လည်း ဒီနိုင်ငံပြင်ပတွေကို လိုက်ဖူးချင်လို့ပါ!

𝗛𝗮𝗽𝗽𝗶𝗲𝗿 [ 규진 ] COMPLETEDWhere stories live. Discover now