28 Unicode

818 109 3
                                    

[ Go away ]

" Han Yujin "

ကျောင်းဆင်းချိန်မို့ သူငယ်ချင်းတွေနဲ့ အတူတူ ကျောင်းနားကဆိုင်မှာပဲ Yujin မုန့်သွားစားလိုက်သေးသည် . ဆိုင်ကအပြန်မှ နာမည်ခေါ်သံနဲ့အတူ ရင်းနှီးနေတဲ့ ထိုအသံကြောင့် အမြန်လှည့်ကြည့်မိတော့လည်း မထင်မှတ်ထားခဲ့တဲ့သူကို တွေ့လိုက်ရတာမို့ အံ့ဩသွားမိသည် .

" အယ် နင့်ကိုကိုပဲ Han Yujin နင်နေခဲ့တော့ "

" မဟုတ်ဘူး အတူတူ "

ထားခဲ့ပြီဖြစ်သော သူငယ်ချင်းအုပ်စုကို စကားပြန်မလို့ လုပ်နေချိန်မှာ လက်ကောက်ဝတ်ကိုလာဆွဲကိုင်လိုက်တဲ့ အထိတွေ့ကြောင့် Yujin စကားစတို့ပါပြတ်သွားရသည် .

" Yujin ကိုယ်တို့စကားခဏပြောရအောင် "

" မပြောဘူး အကို Gyuvin လက်ကို လွှတ်ပေး "

Gyuvin ဆုပ်ကိုင်ထားတဲ့ လက်ကို အတင်းလင်တစ်ဖက်နဲံ ဆွဲချွတ်နေပေမယ့် ခိုင်ခိုင်မြဲမြဲကိုင်ထားတဲ့ Gyuvin ရဲ့ အားကို ဘယ်ယှဉ်နိုင်ပါ့မလဲ .

" လွှတ်လို့ "

" ကိုယ်နဲ့လိုက်ခဲ့ "

" မလိုက်ဘူး . လက်ကိုလည်းလွှတ် "

" မရဘူး လိုက်ခဲ့ရမယ် "

" အကို Gyuvin ကျွန်တော့်လက်ကို လွှတ်လို့ "

Gyuvin ကတော့ မကြားသလိုသာ သူ့ကားနားရောက်တဲ့ထိ Yujin လက်ကို အတင်းဆွဲကိုင်ကာ ခေါ်လာခဲ့တော့သည် .

" ကားပေါ်တက် "

" မတက်ဘူး လက်ကိုလွှတ်ပေး "

" ကိုယ်စိတ်တိုနေတာနော် . စကားခဏလေးပဲပြောမှာကို ဘာဖြစ်ချင်နေတာလဲ တက် "

" အ! "

နောက်ဆုံးတော့လည်း Gyuvin ကပဲ အတင်းတက်ခိုင်းတာမို့ Yujin တစ်ယောက် ကားထဲရောက်လာရပြန်သည် .

Yujin ကိုတစ်ဖက်ခြမ်းမှာ ထိုင်ခိုင်းလိုက်ပြီး မောင်းသူနေရာကို သူကတော့ပြန်လာခဲ့သည် . ကားပေါ်ရောက်တာနဲ့ Yujin ကို ကြည့်မိတော့ သူခုနက အတင်းဆွဲကိုင်မိတဲ့ လက်ကောက်ဝတ်နေရာကို အုပ်ကိုင်ကာ ရှုံ့မဲ့နေတာကို မြင်မှ စိုးရိမ်စိတ်ကဖြစ်လာတော့သည် . ဒီလိုနဲ့ သူ့ကို ပိုစိတ်ပျက်သွားရင် ဘယ်လိုလုပ်မလဲ!

𝗛𝗮𝗽𝗽𝗶𝗲𝗿 [ 규진 ] COMPLETEDNơi câu chuyện tồn tại. Hãy khám phá bây giờ