10 Zawgyi

321 7 0
                                    

[ တစ်စတစ်စ ]

" အားနာစရာပဲ ငါဟိုမှာ ထဏလေးသွားနေနေတာကို မင်းပဲ တာဝန်တွေတအားများသွားပြီ "

Hanbin တို့အိမ်ရဲ့ ဧည့်ခန်းမှာစကားထိုင်ပြောနေကြခြင်းဖြစ်သည် . Yujin ကတော့ကျောင်းပိတ်နေတာရော အကိုပြန်လာတာရော ရောပြီး ဧည့်ခန်းမှာအကျအနထိုင်လို့ ရုပ်ရှင်ကြည့်နေချိန် Hanbin နဲ့ Gyuvin ကတော့ ဟိုဟိုဒီဒီပြောကြဆိုကြပေါ့...

" ရပါတယ် Hanbin hyung ရဲ့ ဟိုမှာရော ဘယ်လိုလဲ အခြေအနေ "

" ဘာအခြေအနေကိုပြောတာလဲ "

Hanbin မသိချင်ယောင်ဆောင်ကာ ပြန်ပြောတော့ Gyuvin က ပြုံးဖြီးကာဖြင့် သူအကုန်သိပါတယ်ဆိုတဲ့ ဟန်နဲ့

" hyung နော် ကျွန်တော့်အကိုကို ယူထားရင် ကိုယ့်ညီလေးကိုလည်း မနှမြောရဘူးနော် "

" ဘာ! "

" ဟာ ဒါဖြစ်သင့်တာပဲလေ ကျွန်တော်ကလူကောင်းပါ ကျွန်တော်နဲ့ဆို စိတ်ချရမှာပဲကို သဘောမတူဘူးလား "

Gyuvin နဲ့ Hanbin နှစ်ယောက်သား တိုးတိုးတိုးတိုးပြောနေတာကို တစ်ချက်ချက်တော့ Yujin ကနားစွင့်မိသည် . သူ့ကို အားလုံးကကလေးလေးလို ဆက်ဆံကြပေမယ့်လည်း သူကတော့ အသက်အရွယ်တစ်ခုကိုရောက်ကာ သိသင့်သိထိုက်တာတွေကိုတော့သိနေပြီးပြီမဟုတ်လား .

" ဖြစ်သင့်တာတွေ မဖြစ်သင့်တာတွေပြောမနေနဲ့ အ်မ်ပိုင်ရဲ့လားပဲ ကိုယ့်ကိုယ်ကိုယ်ပြန်မေး Gyuvin "

ထိုအခါ Gyuvin မျက်နှာ သိသိသာသာပျက်သွားကာ ညိုးငယ်သွားသည့်ဟန်အပြည့် . တခဏငြိမ်ကျသွားကာ Yujin ကိုလည်း လှမ်းကြည့်မိတော့ စက္ကန့်ပိုင်းလောက် အကြည့်ချင်းစုံသွားသော်လည်း Yujin ကချက်ချင်းပင် အကြည့်ကိုလွှဲပြစ်သည် . တီဗွီရီမုကို ခုံပေါ်တင်ကာ အိမ်ပေါ်ထပ်ပါ တခါတည်း တက်သွားတော့သည် .

" hyung Daddyတို့နဲ့ တွေ့လာသေးတာလား "

" လုပ်ငန်းကိစ္စသွားတာပဲ သေချာပေါက်တွေ့တာပေါ့ ပြီးတော့ ဖြစ်ချင်တော့ Zhang Hao ရဲ့ မိဘတွေနဲ့ကျ မတွေ့ဘူးဟေး "

Hanbin ကတော့ ပေါ့ပါးစွာပြောနေတာဖြစ်ပြီး Gyuvin ကတော့တကယ်ကို စိတ်ရှုပ်သွားတာမို့ ငြိမ်နေမိသည် . Hao hyung တို့မိသားစုက ဒီလိုကိစ္စကို ထွေထွေထူးထူးမပြောလောက်ပေမယ့် Gyuvin တို့အိမ်ကတော့ အဲ့လိုမဟုတ်လောက်ပါ . Gyuvin ကိုတစ်ချိန်လုံး အိမ်ထောင်ဖက်တွေ့ခိုင်းတတ်တဲ့ မာမီနဲ့ Gyuvinရဲ့ အချစ်ရေးကံကတော့ Gyuvin တမင်ကိုမေ့ထားခဲ့တာဖြစ်သည် .

𝗛𝗮𝗽𝗽𝗶𝗲𝗿 [ 규진 ] COMPLETEDNơi câu chuyện tồn tại. Hãy khám phá bây giờ