[ Family or not ]
မျက်နှာချင်းဆိုင်မှာရှိနေသော Gyuvin ရဲ့ မိဘတွေကို ရောက်ရောက်ချင်း နှုတ်ဆက်စကားပြောတာက လွဲရင် Yujin ဘာစကားမှ ထပ်မံ၍ မဆို . နေသားမကျသေးမှုတွေမှာ Yujin ဒီလိုအခြေမနေကို ပို၍ပင်မကြိုက်သေးတယ် .
" အဟမ်း ဒါဆို ဒယ်ဒီတို့ အစားအသောက်မှာကြတော့မလား Yujin ဘာကြိုက်လဲ သားစိတ်တိုင်းကျ မှာ "
" ဟုတ် "
ပြန်ဖြေရုံသာ လုပ်လိုက်ပြီး Gyuvin မိခင်ဖြစ်သူကိုလည်း လှမ်း၍ကြည့်လိုက်သေးသည် . စိတ်တိုင်းမကျမှုများကို ပိုက်ထားရသလို တကယ်တမ်းလည် လက်ပိုက်၍သာ Gyuvin ကိုကြည့်နေသည် .
" Yujin ဘာစားမလဲ ကိုယ်ဘာမှာပေးရမလဲ "
Menu ကပ်ကို ပြကာ Gyuvin ကမေးလာတော့ လက်ထဲ menu ကပ်ကို ယူကာ
" ကျွန်တော့်ဘာသာမှာလိုက်ပါ့မယ် "
" မာမီ့ကိုပဲ ဖယ်ပြီး အကုန်အဆင်ပြေနေကြတာပဲ . ထူးဆန်းတယ်လို့မထင်ဘူးလား "
" ကဲ မိန်းမ ကလေးတွေအပျော်ကိုမဖျက်ပါနဲ့တော့ "
" အို..ကျွန်မဘာမှသာ မပြောတာ အခုထိ လက်ခံနိုင်သေးတာမဟုတ်ဘူးနော် . မိခင်တစ်ယောက်ရဲ့ စိတ်ကိုလည်း နားလည်ပေးကြပါဦး . သားယောက်ျားလေးဖြစ်တဲ့ ကျွန်မသားကို သားယောက်ျားလေးဖြစ်တဲ့ တခြားအိမ်ရဲ့ သားနဲ့တဲ့ . ဘယ်လောက်ပဲ ခေတ်မှီလာပါစေ မာမီ့စိတ်ကို နားလည်ပေးကြမယ်ထင်တာပဲ "
" မာမီ့စိတ်ကို နားလည်ပါတယ် ဒါပေမယ့် ကျွန်တော့်စိတ်ကို နားလည်ပေးဖို့လည်း လုံလောက်တဲ့ အခြေအနေတစ်ခုစီတိုင်းနဲ့ ကျွန်တော်သက်သေပြနေတာပဲ . ကျွန်တော့်ဘဝက Yujin ပဲ "
Gyuvin က အတည်ပေါက်ကို အလျော့ပေးတော့မည့်ဟန်မရှိပဲ မိခင်ဖြစ်သူနဲ့ အခုလိုဖြစ်နေရခြင်းကို Yujin တကယ်ကို မကြိုက်တာပါ . င်္ဒလိုတွေမဖြစ်ချင်ဘူး . ဒါဟာ Gyuvin မိဘတွေနဲ့ ရင်ဆိုင်ခြင်းဖြစ်ပြီး ဒါပြီးရင် သူ့အလှည့် သူ့အပေါ်အရမ်းကောင်းပေးတဲ့ Hanbin အမေနဲ့အဖေ တစ်နည်း သူ့ရဲ့ကျွေးမွေးပြုစုပေးခဲ့တဲ့ အဖေနဲ့မမေပေါီ့ ဒီလူတွေနဲ့ သူသေချာပေါက်ရင်ဆိုင်ရဦးမှာ .
ESTÁS LEYENDO
𝗛𝗮𝗽𝗽𝗶𝗲𝗿 [ 규진 ] COMPLETED
Fanfic𝙢𝙖𝙞𝙣 𝙘𝙥 - 𝚐𝚢𝚞𝚓𝚒𝚗 𝙨𝙞𝙙𝙚 𝙘𝙥 - 𝚋𝚒𝚗𝚑𝚊𝚘 𝘴𝘵𝘢𝘳𝘵 - 02.05.23 𝘵𝘶𝘦𝘴𝘥𝘢𝘺 𝘦𝘯𝘥 - 02.08.23 wed