[ ကောက်တေး - ၂ ]
" ဒါဆို အဲ့အကိုက မင်းကိုကြိုက်နေတာပေါ့ "
အထက်တန်းကျောင်းသားတစ်အုပ်ရဲ့ အချိန်လွတ်ချိန် ခဏလေးအတွင်း တစ်စုတစ်စုစီစုကာရုံးကာ ဆော့ကြ စကားပြောကြတဲ့ထဲ Yujin တို့အုပ်စုက အသံအကျယ်ဆုံးဖြစ်သည် . ဒီထဲမှာမှ ရုတ်တရက် Ricky ရဲ့ အသံက ကျယ်လောင်စွာထွက်လာတာပဲဖြစ်သည် .
အသံကျယ်ကြောင့် ဟိုတစ်စုဒီတစ်စုမှ လာကြည့်နေကြသူတွေကို Yujin ခပ်တည်တည်လေးပဲ ပြန်ကြည့်ပေးလိုက်သည် . အကြောင်းအရာအလုံစုံဟာ သူနဲ့မဆိုင်သလို .
" ငါထင်တယ် Yujin တော့ ရည်းစားလေးရတော့မှာပဲ "
သူငယ်ချင်းတစ်ယောက်ရဲ့ အပြောကို Yujin ခပ်သွက်သွက်လေး ငြင်းပြစ်လိုက်သည် .
" ဟာ ငါရည်းစားမထားပါဘူး "
" ဟာ ထားလေ ထားလိုက်လို့ အထက်တန်းကျောင်းသားဘဝမှာ တခြားသူတွေလည်း ရည်းစားလေးတွေရှိကြတာပဲ ထားချင်ရင်ထားလိုက် အဲ့အကိုကို ငါတောင်ကြိုက်တယ် "
ပြောနေတာတွေက အားပေးအားမြှောက်လုပ်နေတာကတော့ ကိုယ့်ဆန္ဒသာမပါလျှင် ဘာမှမဖြစ်လာပေမယ့် နောက်ဆုံးက အကို Gyuvin ကို ကြိုက်တယ်ဆိုသော စကားကတော့ နည်းနည်းစိတ်ခုစရာလေးဖြစ်သည် .
" ငါရောနော် အဲ့အကိုက တအားချောတာပဲ "
" အေးလေ အရပ်ကြီးကလည်းရှည် ရုပ်ရှိငွေလျှံသူဌေးသားလေးလေ "
" ဟုတ်တယ် Yujin မင်းမကြိုက်ရင် ငြင်းပြီး ငါတို့နဲ့ မိတ်ဆက်ပေး "
တစ်ယောက်တစ်ပေါက်ပြောနေကြသူတွေကြောင့် Yujin တော်တေယ်စိတ်ထဲ နေမရထိုင်မရဖြစ်နေတဲ့ အခြေအနေပေမယ့် အော်လိုက်လို့ကလည်းမဖြစ်သေး . သူတို့ကိုယ်တိုင်မှာလည်း ရည်းစားရှိကြတာကို Yujin ရဲ့ ကိုကိုကိုပါ လာပြီးလိုချင်နေကြတာ .
" ငါမကြိုက်ဘူးလို့ ပြောလို့လား "
Yujin ဒီတစ်ခွန်းသာပြောပြီး ထိုင်ခုံမှာနေရာမှန်ထိုင်ကာ စာလုပ်ရန်ပြင်လိုက်သည် .စကားဝိုင်းက ထိုတစ်ခွန်းနဲ့တင် ငြိမ်သွားကြပြီးမှ
VOCÊ ESTÁ LENDO
𝗛𝗮𝗽𝗽𝗶𝗲𝗿 [ 규진 ] COMPLETED
Fanfic𝙢𝙖𝙞𝙣 𝙘𝙥 - 𝚐𝚢𝚞𝚓𝚒𝚗 𝙨𝙞𝙙𝙚 𝙘𝙥 - 𝚋𝚒𝚗𝚑𝚊𝚘 𝘴𝘵𝘢𝘳𝘵 - 02.05.23 𝘵𝘶𝘦𝘴𝘥𝘢𝘺 𝘦𝘯𝘥 - 02.08.23 wed