[ Oh shit! Ko Ko's Agyeo]
" မင်းနဲ့လည်း ဖြစ်လိုက်ရင်အဆန်းကြီး . Yujin အသက်ပြည့်တုန်းကလည်း ကာယကံရှင်ထက် မင်းကပိုယွ . အခုဒီလာပြီးကျောင်းတက်မှာ အစထဲက စိပြီးသား အခုကိုယ်က ချန့်ဿ
Club မှာထိုင်နေရင်း လွန်ခဲ့တဲ့ Yujin ရဲ့ 18th ဘတ်ဒေးကအကြောင်းကို Jiwoong ကပြောလာသည် . ဘယ်ကဘယ်လို တစ်စတစ်စရင်းနှီးလာသလဲမသိပေမယ့် Jiwoong hyung နဲ့ ရင်းနှီးလာတဲ့ တစ်စိတ်တစ်ပိုင်းဟာ Yujin ကနေ အစပြုခဲ့တာပဲဖြစ်သည် .
" ဟာ Hyung ကျွန်တော် ပျော်တာမှ အခုပြောရင်းတောင် အဲ့တုန်းက ခံစားချက်အတိုင်းပဲနော် လိုနေတာတစ်ခုပဲ အသည်းအသက်လေး အသက်ပြည့်တာတောင် အနားမှာမရှိနေပေးနိုင်ဘူး "
" မင်းဘာသာ မသွားတာလေ . လေယာဉ်စီး တစ်ရက်လောက် အဝတ်တစ်ထည်ကိုယ်တစ်လုံးသွားရင်တောင် ရတဲ့ကိစ္စကို "
Gyuvin က မကျေနပ်တဲ့ အကြည့်နဲ့ ကြည့်လာကာ
" သွားမလို့ကို Hyung တို့ရဲ့ ချစ်လှစွာသော Han Yujin က မလာရဘူးအမိန့်ထုတ်တာလေ . နားမလည်နိုင်ဘူး အဲ့တုန်းက အတူတူသာရှိရင် ပြောလို့ဖြစ်ပါ့မလား "
အယ်လ်ကိုဟောအရှိန်နဲ့အတူ ပတ်ဝန်းကျင်ရဲ့ ဆူညံသံကြားထဲ နားစိုက်ထောင်ရင်းကကို Gyuvin ရဲ့ အသံဟာ ဝါးတားတားဖြစ်သလို အကြောင်းအရာတွေကိုလည်း မနည်းဆက်နေရသည် .
" ဟမ် ပြောလို့မဖြစ်လည်းပြော "
ပြောလို့ဖြစ်ပါ့မလားလုပ်နေတယ် အဲ့လိုပြောတော့ သိချင်တဲ့သူက သိချင်နေပြီကို! ပြောစမ်းမင်း!
" အတူတူသာရှိရင် တဝကြီး နမ်းမှာ . ခါးသေးသေးလေးကို ဖက်ထားရင်း နှုတ်ခမ်းပါးပါးလေးရော မိုချီတုံးလေးလို ပါးအိအိလေးတွေကိုရော လည်တိုင်သေးသေးလေးကိုရော နားရွက်ဖျားလေး . မျက်ခွံလေး အား...တစ်ကိုယ်လုံးနေမယ် ဟုတ်တယ် တစ်ကိုယ်လုံးကို နမ်းလိုက်မိမှာ "
Jiwoong တစ်ယောက် သူ့ရှေ့က Gyuvin ကို ကြောင်ကြည့်နေမိတယ်ဆိုသလိုပေါ့ အံ့ဩတစ်ကြီးနဲ့ ငေးနေမိတော့တာ! ညီလေးလိုချစ်ရတဲ့ Yujin ကို အခုလိုလာပြောနေတာလား အားရပါးရလေ!
" အေး မင်းနမ်းချင်တိုင်း နမ်းရအောင် Yujin က တော်တော်အနမ်းခံတယ်ဆိုတော့လေ "
VOUS LISEZ
𝗛𝗮𝗽𝗽𝗶𝗲𝗿 [ 규진 ] COMPLETED
Fanfiction𝙢𝙖𝙞𝙣 𝙘𝙥 - 𝚐𝚢𝚞𝚓𝚒𝚗 𝙨𝙞𝙙𝙚 𝙘𝙥 - 𝚋𝚒𝚗𝚑𝚊𝚘 𝘴𝘵𝘢𝘳𝘵 - 02.05.23 𝘵𝘶𝘦𝘴𝘥𝘢𝘺 𝘦𝘯𝘥 - 02.08.23 wed