9 Unicode

1K 128 2
                                    

[ ကောက်တေး - ]

" ဒါဆို အဲ့အကိုက မင်းကိုကြိုက်နေတာပေါ့ "

အထက်တန်းကျောင်းသားတစ်အုပ်ရဲ့ အချိန်လွတ်ချိန် ခဏလေးအတွင်း တစ်စုတစ်စုစီစုကာရုံးကာ ဆော့ကြ စကားပြောကြတဲ့ထဲ Yujin တို့အုပ်စုက အသံအကျယ်ဆုံးဖြစ်သည် . ဒီထဲမှာမှ ရုတ်တရက် Ricky ရဲ့ အသံက ကျယ်လောင်စွာထွက်လာတာပဲဖြစ်သည် .

အသံကျယ်ကြောင့် ဟိုတစ်စုဒီတစ်စုမှ လာကြည့်နေကြသူတွေကို Yujin ခပ်တည်တည်လေးပဲ ပြန်ကြည့်ပေးလိုက်သည် . အကြောင်းအရာအလုံစုံဟာ သူနဲ့မဆိုင်သလို .

" ငါထင်တယ် Yujin တော့ ရည်းစားလေးရတော့မှာပဲ "

သူငယ်ချင်းတစ်ယောက်ရဲ့ အပြောကို Yujin ခပ်သွက်သွက်လေး ငြင်းပြစ်လိုက်သည် .

" ဟာ ငါရည်းစားမထားပါဘူး "

" ဟာ ထားလေ ထားလိုက်လို့ အထက်တန်းကျောင်းသားဘဝမှာ တခြားသူတွေလည်း ရည်းစားလေးတွေရှိကြတာပဲ ထားချင်ရင်ထားလိုက် အဲ့အကိုကို ငါတောင်ကြိုက်တယ် "

ပြောနေတာတွေက အားပေးအားမြှောက်လုပ်နေတာကတော့ ကိုယ့်ဆန္ဒသာမပါလျှင် ဘာမှမဖြစ်လာပေမယ့် နောက်ဆုံးက အကို Gyuvin ကို ကြိုက်တယ်ဆိုသော စကားကတော့ နည်းနည်းစိတ်ခုစရာလေးဖြစ်သည် .

" ငါရောနော် အဲ့အကိုက တအားချောတာပဲ "

" အေးလေ အရပ်ကြီးကလည်းရှည် ရုပ်ရှိငွေလျှံသူဌေးသားလေးလေ "

" ဟုတ်တယ် Yujin မင်းမကြိုက်ရင် ငြင်းပြီး ငါတို့နဲ့ မိတ်ဆက်ပေး "

တစ်ယောက်တစ်ပေါက်ပြောနေကြသူတွေကြောင့် Yujin တော်တေယ်စိတ်ထဲ နေမရထိုင်မရဖြစ်နေတဲ့ အခြေအနေပေမယ့် အော်လိုက်လို့ကလည်းမဖြစ်သေး . သူတို့ကိုယ်တိုင်မှာလည်း ရည်းစားရှိကြတာကို Yujin ရဲ့ ကိုကိုကိုပါ လာပြီးလိုချင်နေကြတာ .

" ငါမကြိုက်ဘူးလို့ ပြောလို့လား "

Yujin ဒီတစ်ခွန်းသာပြောပြီး ထိုင်ခုံမှာနေရာမှန်ထိုင်ကာ စာလုပ်ရန်ပြင်လိုက်သည် .စကားဝိုင်းက ထိုတစ်ခွန်းနဲ့တင် ငြိမ်သွားကြပြီးမှ

𝗛𝗮𝗽𝗽𝗶𝗲𝗿 [ 규진 ] COMPLETEDWhere stories live. Discover now