4 Unicode

1K 109 2
                                    

[ စတင်ခြင်း -

" Hello "

" Yujin ဒီနေ့ကျောင်းမသွားဘူးလား . Gyuvin ကလာကြိုဖို့ ဖုန်းခေါ်တာတွေမကိုင်ဘူးဆို "

Hanbin ကို တစ်ခုခုများပြောလိုက်သေးလားလို့ Yujin ရင်ထဲ  ထိတ်ခနဲ ဖြစ်သွားရတော့သည် . hyung ဆီအထိ အဲ့လိုလှမ်းတိုင်ပြောမှဖြစ်မှာလား . အခုဖြစ်သွားတဲ့ ကိစ္စမှာ အကို Gyuvin အမှားလေ . Hyung ကတစ်ခုခု ဆိုးဆိုးရွားရွားတုံ့ပြန်ရင် Yujin ဘယ်လိုလုပ်ာမလဲလို့ ညကတောင် တွေးနေမိသေးတာ .

" ဒီနေ့တစ်ရက် မသွားချင်လို့ပါ "

" ဒါဆိုလည်း Gyuvin ကိုတော့ အကျိုးအကြောင်းပြောရမယ်လေ သူက အိမ်ရှေ့မှာရောက်နေရင်းက Yujin က ဖုန်းလည်းမကိုင်တာနဲ့ hyung ဆီကိုပါလှမ်းဆက်နေပြီ "

" ဘာလို့အဲ့လောက်ဖုန်းတွေဆက်နေလဲ မသိဘူး . Hyung မြန်မြန်ပြန်လာ "

" Gyuvin က စပြန်ပြီလား . စိတ်မဆိုးပါနဲ့ သူက Yujin ကိုချစ်လို့စတာပဲကို "

Hanbin ရဲ့ ထိုစကားကြောင့် ချက်ချင်းဆိုသလို Yujin ရဲ့ နားရွက်ဖျားလေးတွေ ရဲတွတ်လာခဲ့သည် .

" မကြိုက်ဘူး "

" မကြိုက်လည်း ခဏတော့သည်းခံပေးပါဦး Hyung ဒီရောက်တာမှ ၁ ပတ်ကျော် ၂ ပတ်ထဲခုမှကို Gyuvin နဲ့ပဲ စိတ်ချတာမို့ တည့်အောင်နေဟုတ်ပြီလား "

" အခုခေတ်ကြီးက ဘယ်သူမှစိတ်ချရဘူးဆို hyung ပဲပြောခဲ့တာလေ "

" ဒါပေမယ့် အခုက Gyuvin လေ စိတ်ချတာပေါ့ "

" မချနဲ့ "

" ဟုတ်ပါပြီ ဟုတ်ပါပြီ လောလောဆယ်တော့ ဖုန်းဆက်ရင်ဆက် မဟုတ်လည်း အပြင်မှာရှိဦးမယ်ထင်တယ် ကြည့်လိုက်ပါဦး "

" ဟုတ် "

" ဒါနဲ့ Daddy တို့ကရော "

" မနက်အစောထဲက mom နဲ့ အတူထွက်သွားတာပဲ hyung . ကျွန်တော်က အိပ်နေတုန်းမို့ မမေးမိလိုက်ဘူး "

" ရတယ်ရတယ် ဂရုစိုက်နော် "

" ဟုတ်ကဲ့ "

ဖုန်းချပြီးတာနဲ့ Yujin အခန်းတံခါးရဲ့ လိုက်ကာစလေးကို အသာလေးဆိုရုံလောက်ဖွင့်၍ ချောင်းကြည့်လိုက်တော့ ကားကိုတော့ တွေ့ရသည် Gyuvin ကိုတော့မတွေ့ရ . ကားထဲထိုင်နေတာနေမှာပေါ့ . တွေ့လည်းမတွေ့ချင်ပါဘူး .

𝗛𝗮𝗽𝗽𝗶𝗲𝗿 [ 규진 ] COMPLETEDDonde viven las historias. Descúbrelo ahora