25 Unicode

900 115 5
                                    

[ Ko Ko is love ]

" Yujinnie~~ ရေအရင် ချိုးမယ်မလား. တစ်ခုခုထပ်စားချင်စိတ်ရှိရင်ပြောနော် ကိုယ်ရေခဲသေတ္တာထဲက ရှိတာနဲ့ တစ်ခုခုလုပ်ပေးမယ် "

Yujin တစ်ယောက် Gyuvin အိမ်ကို ရောက်တာနဲ့ ဟိူလှည့် ဒီပတ်ကြည့်နဲ့ အလုပ်ရနေတာကို ရေချိုးဖို့လာပြောသော Gyuvin ကြောင့် ခေါင်းညိတ်ပြ၍သာ ရေချိုးရန်ပြင်တော့သည် .

" ကိုကို ဒီမှာပဲနေနော် "

" ဟင် ဘာလို့လဲ "

" ဘာမှမဖြစ်ဘူး အခန်းကတအားကျယ်တယ်လေ ပြီးတော့ တစ်ယောက်ထဲ ဒီမှာမကျန်ခဲ့ချင်ဘူး ဒီမှာပဲစောင့်နေပေး ဘာမှမစားတော့ဘူး "

Gyuvin က ရိပ်မိသွားကာ ရယ်တော့သည် . အမှန်က Yujin လေးကြောက်နေတာမဟုတ်လား .

" သရဲကြောက်လို့လား "

" မဟုတ်ပါဘူး "

" သရဲထက် ကိုယ်က ပိုကြောက်ဖို့ကောင်းတယ်နော် "

" ... "

Gyuvin က Yujin ရှိရာဆီကို ဦးတည်၍ လျှောက်လာခဲ့ပြီး အနားရောက်တော့မှ ကိုယ်ကို ကိုင်းချကာ Yujin ရဲ့ နားနားကပ်ပြီး စကားတိုးတိုးပြောပြန်သည် .

" ကြောက်နေရင် ကိုကိုနဲ့ရေအတးချိုးမလား "

ထိုအခါ ချက်ချင်းပင် Yujin က တွန်းထုတ်ကာ စူပုပ်ပုပ်အကြည့်နဲ့ ကြည့်လာကာ

" လူယုတ်မာကြီး "

" ကိုယ့်ကိုအမြဲအဲ့လိုပဲပြောနေတာနော် တကယ်ပဲ လူယုတ်မာကြီးအဖြစ်ခံပြီး သက်သေပြရတော့မှာလား မသိပါဘူး "

" ကိိုကို ဒီမှာစောင့်နေတော့ ကျွနထတော်ရေချိုးတော့မှာ "

" အတူချိုးမလားဆိုတော့မဟုတ်ရဘူး "

" ကိုကို! "

" ဟား ဟား စတာစတာ မြန်မြန်ချိုး အအေးပတ်လို့မဖြစ်ဘူး "

Yujin တစ်ယောက် ကိုကိုပေးတဲ့ ရေချိုးပြီးရေသုတ်ဖို့ရန် ပဝါလေးကိုင်၍ ရေချိုးခန်းထဲသာ ဝင်လာခဲ့တော့သည် . Yujin တို့မိသားစုလည်း အဆင်ပြေတဲ့အထဲကပေမယ့် Gyuvin တို့မိသားစုလောက်တော့မဟုတ် . ရေချိုးခန်းအကျယ်အဝန်း ကိုကို့ပိုင်ဆိုင်မှုအနေအထားတွေနဲ့တင် Yujin နဲ့ ကိုကိုက အရမ်းကို ကွာခြားတာကို လက်ခံလာရသည် .

𝗛𝗮𝗽𝗽𝗶𝗲𝗿 [ 규진 ] COMPLETEDحيث تعيش القصص. اكتشف الآن