12 Zawgyi

266 7 0
                                    

[ ပထမအကြိမ် - ဒုတိယခြေလှမ်း ]

" Yujin ကိုယ့်ကိုကြည့်ပါဦး "

" မကြည့်ဘူး "

" ဒီမှာကြည့် ကြည့်လို့ "

" အကို Gyuvin ဘယ်လိုဖြစ်နေတာလဲ . အိမ်ပြန်ပို့ပေးတော့ "

" ရုပ်ရှင်ရုံထဲမှာတုန်းကလို ခေါ်ရင် ပို့ပေးမယ် "

Yujin ဟာ အရှက်ကြီးရှက်ကာ ခုနကတည်းက Gyuvin ကို မကြည့်ပဲ မျက်နှာလွှဲ၍သာ နေနေတော့တာဖြစ်သည် . ဒါကိုပဲ Gyuvin က အသည်းတယားယားနဲ့ လိုက်စလို့နေပြီး ရုတ်တရက်သတိလက်လွတ်ထွက်လာခဲ့သော နာမ်စားတစ်လုံးကို အသည်းအသန်ကို တောင်းဆိုနေခဲ့တာ .

" ကျွန်တော်ဘာမှမခေါ်မိပါဘူး "

" Yujin မညစ်နဲ့ ကိုကို့ကို ကိုကိုလို့ခေါ်လိုက်တာ ကြားတယ် "

Yujin ကတော့ ရှက်ရှက်နဲ့ မျက်မှောင်လေးကုတ်၍သာ နောက်ဆုံးထိအကျောလေးတင်းကာ ခေါ်တော့မယ့်ပုံမပေါ်ပေ .

" ဒါဆိုလည်း အိမ်မပို့ပေးဘူးကွာ "

" အကို Gyuvin! "

" ပြော  "

" ဟာ "

Yujin ဟာ သူ့ကို စိတ်တိုစိတ်ဆိုးလို့ Han Yujin ဆိုပြီး နာမည်အပြည့်စုံခေါ်လျှင်တောင် စိတ်မဆိုးတတ်ပေမယ့် အဲ့သလို စကားလုံးတစ်လုံးထဲကို မာန်ပါပါအော်ပြောလျှင်တော့ လုံးဝမနှစ်သက်သော သဘောမှာရှိသည် . Gyuvin ကစချင်၍ ပြော ဆို၍သာပြောလိုက်သော်လည်း Yujin ကတော့ တကယ့်ကို စိတ်ကောက်တော့မှာဖြစ်ကြောင်းကိုလည်း Gyuvin သိသည် .

" ပြောလို့ "

" မပြောဘူး ဘာမှမပြောဘူး ဒီနေ့ပြီးရင် လာလည်းမခေါ်နဲ့တော့နော် မသိသလိုပဲနေကြရမှာ အစထဲက ရင်းနှီးတာလည်း မဟုတ်ပဲနဲ့ "

" အဲ့ဒီ့ ဒီနှုတ်သီးလေးက မရင်းနှီးသေးဘူးပဲပြောနေနော် ကိုကိုမင်းကို ဖက်နမ်းပြစ်မှာ "

Gyuvin က ကားမောင်းနေရင်းနဲ့ပင် Yujinရဲ့ မျက်နှာဆီလက်လှမ်းကာ နှုတ်ခမ်းပါးလေးကို ဆွဲကိုင်လို့ ပြောလာတော့ Yujin ကတော့အသည်းသန်ကို တွန်းဖယ်နေရတာပေါ့ .

" ဖယ် ဖယ် "

" တအားဆိုး ဆိုးလို့ရမှန်းသိလို့ တအားဆိုးနေတာ နမ်းပြစ်မယ်  ကိုကို့ဂွင်ထဲ ဝင်လာလို့ကတော့ ပြွတ်စ် ပြွတ်စ် ပြွတ်စ်နဲ့ အသံအကျယ်ကြီးမြည်အောင်ကို နမ်းပြမယ် "

𝗛𝗮𝗽𝗽𝗶𝗲𝗿 [ 규진 ] COMPLETEDWhere stories live. Discover now