6 Zawgyi

350 7 1
                                    

[ ရင်ခုန်ခြင်း ( သို့ ) ပထမဆုံးအနမ်း ]

" Good Morning Hao Hyung  "

အိပ်မှုန်စုတ်ဖွားပုံစံလေးနဲ့  Hao နိုးလာတဲ့အချိန် Hanbin က ကိုယ်တခြမ်းစောင်းပုံစံနဲ့ ငေးကြည့်နေတာဖြစ်သည် . ရုတ်တရက် အိပ်ချင်ပြေသွားရတဲ့ အပြင် Hao ရဲ့ နားရွက်ဖျားလေးများသာမက ပါးအိအိလေးတွေပါ ရဲတွတ်၍ လာခဲ့သည် . အခုအနေအထားက တစ်ကုတင်တည်းက မျက်နှာချင်းဆိုင် ဘေးတိုက်အနေအထားနဲ့လေ .

" HanBin! "

သူ့ရှေ့မှာရှိနေသော Hao hyung က တအားချစ်ဖို့ကောင်းသည် . သူတစ်ချိန်လုံး သဘောကျလာရတဲ့ သူက အခု သူနဲ့အတူတူ ဒါတောင်မှ သူနဲ့ အနီးကပ်ဆုံးမှာ ရှိနေခြင်းမျိုးလေ . နှဖူးနုနုအပေါ် ဖြာကျနေတဲ့ ဆံနွယ်အိအိလေးတွေဆီ လက်လှမ်းမိတာလေးကိုပင် Hao hyung က သူ့နာမည်ကိုခေါ်ကာ သူ့လက်ကို Hyung ရဲ့ လက်ဖဝါးသေးသေးလေးနဲ့ ဆုပ်ကိုက်တားမြစ်သည် .

" ဘာလို့လဲ "

Hanbin ခပ်တည်တည်နဲ့ပဲ Hao ကိုင်ထားတဲ့ သူ့လက်ကို ဆက်၍လှုပ်ရှားလိုက်သည် . ဆံပင်လေးတွေကို သပ်ပေးတယ် . ပွတ်ပေးတယ်နဲ့ အလုပ်ရှုပ်နေဟန်ပြင်ပြီး Hyung နဲ့ မျက်လုံးချင်းတောင်မဆုံခဲ့ .

" Hanbin ဘာလို့ ဒီလိုတွေလုပ်နေတာလဲ "

" ဘာလို့လဲ Hyung သိချင်တာလား "

ဆံပင်နေရာမှ အလုပ်ရှူပ်နေခဲ့သော Hanbin ရဲ့ လင်တွေက ရုတ်တရက် ရပ်တန့်ကုန်ကာ Hao hyung နဲ့လည်း မျက်လုံးချင်းစုံတွေ့စေလိုက်သည် . ပါးနားတစ်ဝိုက် ရပ်တန့်သွားသွား Hanbin ရဲ့ လက်ဖဝါးကြီးကြီးထဲမှာ Hao ရဲ့ ပါးပြင်လေးက နစ်မြုပ်နေလိမ့်မယ် .  ငြိမ်ငြိမ်လေးကြည့်နေသော Hao က အခုချိန်မှာ ချစ်ဖို့အကောင်းဆုံးလည်း ဖြစ်နေလိမ့်မည် .

အွန့်!

ရုတ်တရက်ဆိုသလို ထိကပ်သွားတဲ့ Hanbin ရဲ့ နှုတ်ခမ်းတွေကြောင့် အခုချိန်မှာ Hanbin က အလယ်စည်းသားထားတဲ့ ဖက်ခေါင်းအုံးကို ကျော်လွန်ကာ Hao ဆီ ကျူးကျော်လိုက်ခြင်းလည်းဖြစ်လိမ့်မည် . ဖျတ်ခနဲ အထိအတွေ့မှာ Hao လက်ချောင်းလေးများမှာတော့ Hanbin ရင်ဘက်ကို တွန်းထုတ်ထားသည့်ဟန်ဖြစ်နေလိမ့်မည် . သို့သော် တွန်းထုတ်ခြင်းတော့မဟုတ်ခဲ့ .

𝗛𝗮𝗽𝗽𝗶𝗲𝗿 [ 규진 ] COMPLETEDحيث تعيش القصص. اكتشف الآن