13 Zawgyi

292 6 0
                                    


ဟန်မြစ်ဘေးမှာ ပွင့်လင်းခဲ့တဲ့ ဆက်ဆံရေးလေးဟာ ရှေ့ဆက်ပြီးတအားကိုလှပလို့နေနိုင်ပါ့မလားဆိုတဲ့ အတွေးလေးအား Yujin ဟိုးအရင်ကတည်းက တွေးမိသည် . သို့သော်လည်း ဒီအချိန်မှာတော့ ဒီအတိုင်းသာ ကိုကို့ရဲ့ အချစ်တွေကို အပြည့်အဝလက်ခံဖို့သာ တွေးထားတာမို့...

အိမ်ပြန်လမ်းတစ်လျှောက် ကျစ်ကျစ်ပါအောင် တွဲကိုင်ထားခံရတဲ့ Yujin လက်ကလေးဟာ ကားပေါ်ပြန်ရောက်တဲ့အထိကို Gyuvin ရဲ့ လက်ဖဝါးကြီးကြီးထဲ နစ်မြုပ်လို့နေတုန်းပင် . တစ်ချက်တစ်ချက်လည်း လှည့်ကြည့်တက်ပြီး ထိုသို့လှည့်ကြည့်ပြီးတိုင်းလည်း လက်ဖမိုးလေးကို နမ်းတတ်သေးတာ .

ကိုကိုဟာ Yujin ကို အသေသတ်ဖို့များ မွေးဖွားလာလေသလားလို့ တခါတလေတွေးမိပါသေးသည် .

Yujin မှာပြောချင်တဲ့စကားတွေရှိသလို မေးချင်တဲ့မေးခွန်းလေးတွေလည်း ဒီအတိုင်ခင်ကတည်းက ကြိုတွေးထားဖူးပြန်သည် . သို့သော် တကယ်တမ်းကျ ကိုကိုစိတ်ခုသွားမလားဆိုတဲ့ စိတ်ကလေးကလည်း ရှိနေပြန်တော့ Yujin မေးလို့မထွက်ပြန် .

" ကိုယ့်ကို ပြောချင်တာရှိလို့လား "

Yujin ရဲ့ အစဉ်တစိုက်ကြည့်နေမှုလေးတွေနောက်မှာ မေးခွန်းစကားလုံးလေးတွေကပ်ပါနေတာကို Gyuvin သတိထားမိတာမို့ ထုတ်မေးလိုက်တော့ ခေါင်းညိတ်ပြလာသော Yujin ရယ်ပေါ့ .

" အကို Gyuvin က ကျွန်တော့်ကို - "

" ဘယ်လိုခေါ်လိုက်တယ် "

Yujin ရဲ့ ကျင့်သားမရသေးတဲ့ ဆင်တူစကားလုံးလေးနှစ်လုံးအတွက်နဲ့ အခုတော့ ကိုကို့ထံမှ မျက်မှာကုတ်ကာ စကားဖြတ်ပြောခြင်းကိုခံလိုက်ရပါတော့သည် .

" အာ....အကျင့်မရသေးလို့ပါ "

" အကျင့်ဖြစ်အောင် ကိုကိုချင်းထပ်နေအောင် နေ့တိုင်း များများခေါ်ခိုင်းရမယ် "

" ကိုကို! "

" ဗျာ "

" ဟာ "

Yujin ရဲ့ ကျင့်သားမရမှုလေးတွေမှာ ရဲတက်လာတတ်သော ပါးနုနုလေးတွေနဲ့ ထို့ထက်ဆိုးသည်က နားရွက်လေး တစ်ဖက်တစ်ချက်ဆီတိုင်းက ရဲတွတ်သွားတတ်တာမျိုးဖြစ်သည် .

𝗛𝗮𝗽𝗽𝗶𝗲𝗿 [ 규진 ] COMPLETEDDonde viven las historias. Descúbrelo ahora