[ KoKo is the best ]
ကားပါကင်ကနေ Gyuvin မိဘတွေရဲ့ ကားလေးထွက်သွားတဲ့ အထိ ရပ်ပြီး နှုတ်ဆက်ခဲ့ကြပြီးတဲ့နောက်မှာတော့ Yujin နဲ့ Gyuvin နဲ့ အတူတူ သူတို့ရဲ့ ကားရှိရာဆီကို ပြန်လာခဲ့ကြသည် . ငြိမ်ငြိမ်လေးဖြစ်နေတဲ့ Yujin ဟာ ပြောင်းလဲသွားတဲ့ အခြေအနေမှာလည်း အသားမကျသေးတဲ့ ပုံပင် .
" မာမီက ကိုယ်တို့ကလေးလေးကို ချစ်ပါတယ်လို့ ကိုယ်ပြောသားပဲ ယုံပြီမလား အခု "
Yujin က ဘေးချင်းယှဉ် လျှောက်နေသော ကိုကို့အား တစ်ချက်သာကြည့်လိုက်ပြီး ဦးစွာပင် ကားထဲသို့ ဝင်ထိုင်နေလိုက်သည် . Gyuvin လည်း နေရာတကျ ဝင်ထိုင်ပြီးတဲ့နောက် Yujin နားကပ်ကာ ကားခါးပတ်ကိုပါ သေချာဝတ်ပေးပြန်တော့ Yujin မှာ ကိုယ်လေးကို ကျုံ့လျက်သားနဲ့ ကိုကို့ရဲ့ ကိုယ်သင်းနံ့မွှေးမွှေးလေးဟာ နှာခေါင်းလုံးလုံးလေးတစ်ဝိုက် ဝေ့ဝဲနေတာကို သတိထားမိတယ် .
" အခုပြန်ကြမယ် . ဒီည Hotel မပြန်တော့ပဲ ကိုယ့်အိမ်ပဲ လိုက်ခဲ့ပါလား "
" ဟင် Hyung ကရော "
Gyuvin ဟာ နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း Yujin ရဲ့ ပါးနုနုလေးတွေကိုလည်း လှမ်းဆွဲညှစ်သေးသည်
" Hanbin Hyung က Hotel ရော ပြန်လာလို့လား တစ်ချိန်လုံး သူများအကိုနား သွားကပ်နေတာလေ "
" ဒါဆို ကိုကိုလည်း ကျွန်တော့်နား ကပ်နေတာပဲလေ "
အကိုကို ထိတော့ ချက်ချင်းပင် ခပ်စွာစွာလေးဖြစ်သွားသော Yujin ကိုလည်း Gyuvin မှာ သဘောတကျနဲ့ ချစ်ရပါသည် .
" မတူဘူးလေ Hanbin hyung က hotel မှာမရှိတော့ ကိုယ်က မင်းကို အဖော်လုပ်ပေးတာလေ "
" ဒါဆို ကိုကိုက ကျွန်တော့်နားနေချင်လို့မဟုတ်ဘူးပေါ့ "
" ဟာ မဟုတ်ဘူး "
ချက်ချင်းပင် Gyuvin မှာ ဖြေရှင်းချက်ပေးရင်း ကားမှန်ဘက်လှည့်ကာ မျက်နှာလွှဲသွားသော Yujin နားကပ်လို့ မျက်နှာချင်းဆိုင်လာရန်ပင် ကြိုးပမ်းရတော့သည် .
" ကိုကိုက ဒီတိုင်းစလိုက်တာလေကွာ သိရဲ့သားနဲ့ အတူတူရှိတဲ့ ရက်က ခဏလေးကို စိတ်မကောက်ပါနဲ့ နော် နော် နော် "
![](https://img.wattpad.com/cover/340802586-288-k455492.jpg)
BẠN ĐANG ĐỌC
𝗛𝗮𝗽𝗽𝗶𝗲𝗿 [ 규진 ] COMPLETED
Fanfiction𝙢𝙖𝙞𝙣 𝙘𝙥 - 𝚐𝚢𝚞𝚓𝚒𝚗 𝙨𝙞𝙙𝙚 𝙘𝙥 - 𝚋𝚒𝚗𝚑𝚊𝚘 𝘴𝘵𝘢𝘳𝘵 - 02.05.23 𝘵𝘶𝘦𝘴𝘥𝘢𝘺 𝘦𝘯𝘥 - 02.08.23 wed