Note / 20 ကို စာထပ်ဖြည့်ထားတာရဲ့ အဆက်ပါ
[ Trio ]
အခန်းတွင်းဝင်ရောက်လာတဲ့ အလင်းရောင်ကြောင့် Gyuvin နိုးလာခဲ့ပေမယ့် ဘေးနားက လူကောင်သေးသေးနဲ့ နို့နှစ်ရောင်အသားရည်ကြောင့် တကယ့်ကလေးပေါက်စလေးလိုဖြစ်နေသော Yujin ကတော့ အိပ်ကောင်းတုန်းဖြစ်သည် .
ခန္ဓာကိုယ်ကို တစောင်းအနေအထားပြောင်း၍ လက်ထောက်ကာ Yujin ကို ငေးကြည့်နေမိသည် . အစကတော့ ငေးရုံလေးတင်ပဲမို့ ဆံပင်လေးသပ်ပေး ခေါင်းလေး ပုပ်ပေးနဲ့ အဆင်ပြေနေသေးပေမယ့် ခဏအကြာတော့ ထိန်းမရတော့ဘူး .
Gyuvin ရဲ့ ဝါသနာကိုက Yujin ပါးလေးတွေ အသားလေးတွေကို တို့ထိရတာမျိုးဆိုတော့ စိတ်ပိုင်းဖြတ်ကာ မနိုးလောက်မယ့်အနေအထားနဲ့ Yujin ရဲ့ ပါးရဲရဲလေးကို လက်ဖမိုးလေးနဲ့ ပွတ်ကာ အသာအယာ ထိကာ ဟိုရွှေ့ဒီရွေ့ထားလေတော့ .
" ငြိမ်ငြိမ်နေလေ ကျွန်တော် အိပ်ဦးမှာ "
စောင်ခြုံကွေးကာ မျက်လုံးပင်ဖွင့်မလာပဲ ဒီစကားကို ပြောလိုက်တာ . သူ့ဘေးနားရှိနေတဲ့ ဒီကောင်ကြီးက စိတ်အတော်ထိန်းထားရတာတွေ ဒီကလေးနားမလည်ဘူး!
" Yujin ~ ထတော့ ဒီနေ့ကိုကိုနဲ့ လျှောက်သွားကြမလား "
ဖျတ်ခနဲ မျက်လူုံလေးပွင့်လာကာ ငုတ်ခနဲပါ ထထိုင်လေတော့ Gyuvin ပျော်သွားတော့သည် . ဒါ သူနဲ့အတူအပြင်သွားဖို့ စိတ်လှုပ်ရှားသွားတဲ့ အိပ်ရာနိုးခါစ ရည်းစားရဲ့ ပုံစံလေးလား!
" ဘယ်နှနာရီရှိပြီလဲ "
" စောပါသေးတယ် ကိုယ်တို့အေးဆေးမှသွားကြမယ်လေ "
" မဟုတ်ဘူး နောက်ကျပြီ ဟာ ၁၀ နာရီတောင် ထိုးတော့မှာကို နောက်ကျနေတာ "
Gyuvin ပင် ကြောင်တောင်တောင်ဖြစ်သွားရတော့သည် . ဘာကိစ္စအရေးကြီးပြီး နောက်ကျနေတာလဲပေါ့ .
" ဘာလို့လဲ Yujin ရဲ့ Hanbin hyung တောင် မသွားသေးဘူး အသံကြားတယ် "
" အသံကြားတယ်လား "
" အင်း ဧည့်သည်လည်းရောက်နေတာထင်တယ် "
" ဟာသွားပြီတကယ် နောက်ကျပြီ ကိုကိုရဲ့ Jiwoong hyung နဲ့ အတူထွက်လည်ဖို့ ချိန်းထားတာ အဲ့တာရောက်နေတာနေမယ် "
![](https://img.wattpad.com/cover/340802586-288-k455492.jpg)
ČTEŠ
𝗛𝗮𝗽𝗽𝗶𝗲𝗿 [ 규진 ] COMPLETED
Fanfikce𝙢𝙖𝙞𝙣 𝙘𝙥 - 𝚐𝚢𝚞𝚓𝚒𝚗 𝙨𝙞𝙙𝙚 𝙘𝙥 - 𝚋𝚒𝚗𝚑𝚊𝚘 𝘴𝘵𝘢𝘳𝘵 - 02.05.23 𝘵𝘶𝘦𝘴𝘥𝘢𝘺 𝘦𝘯𝘥 - 02.08.23 wed