[ ပထမအကြိမ် ]
" Gyuvin နဲ့ အပြင်သွားမလို့ဆို "
အိမ်ပေါ်ထပ်မှဆင်းလာနေရင်းမှ အကိုဖြစ်သူ Hanbin ရဲ့ အပြောကြောင့် Yujinခြေလှမ်းလေးများတန့်သွားကာ Hanbin ရှိရာ ဧည့်ခန်းသို့ဦးတည်လိုက်သည် .
" ကိုယ့်ဘာသာသွားလည်းရတာကို အဲ့အကိုက အတင်းလိုက်မယ်ပြောနေတာ "
" Gyuvin က Yujin ကိုချစ်လို့ပါ . သူ့မှာ သွေးသားရင်းကလည်းမရှိတော့ Hyung ရဲ့ ဒီညီလေးကို လာချစ်နေတာ "
Hanbin ကတော့ ရိုးရိုးသားသားပြောနေသည်လား မသိပေမယ့် Yujin ကတော့ မလုံမလဲဖြစ်မိပါသည် . ရယူလက်ခံမိနေတဲ့ အနမ်းတိုင်း ခံစားချက်တိုင်းက ရိုးသားပါရဲ့လားဆိုတဲ့ အတွေးလေးဝင်လာပြန်တိုင်း မရိုးသားစေချင်တော့ပါ . လောဘသေးသေးလေးက Gyuvin အပေါ်ကိုစတင်လာကတည်းက Yujin ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ဆိုးမိပါသည် .
" Hyung "
" အင်း Yujin "
" အကို Gyuvin နဲ့တွဲတာမျိုးဆို Hyung လက်ခံနိုင်လား "
လုပ်လက်စ စာရင်းတွေကိုပင် အာရုံမစိုက်အားတော့ပဲ Yujin ရဲ့ ထိုစကားကြောင့် ခါးပင်မတ်သွားရတော့၏ .
" ဘာလို့လဲ Yujin . Gyuvin ဘက်က အဲ့လို အပြုအမူမျိုးတွေရှိလို့လား "
Yujin အကိုဖြစ်သူကို ရိုလည်းရိုသေသလို ကြောက်လည်းကြောက်မိသေးသည် . ဒါမျိုးကိုမပြောရဲပေမယ့် ပြောမှပဲ စိတ်ထဲသက်သာရာရမလားဆိူတာလည်း မသိနိုင်တာမို့ .
" အင်း "
Hanbin ဆီက စိတ်ထဲဘယ်လိုခံစားသွားရသည်မသိ သက်ပြင်းချသံကို ကြားလိုက်ရသည် .
" Hyung လည်း သတိတော့ထားမိပါတယ် . Yujin ကရော Yujin က သဘောကျတယ် လက်ခံချင်တယ်ဆိုလည်း Hyung နဲ့ ဒီမိသားစုက ငြင်းစရာမရှိတာ Yujin သိတယ်မို့လား "
" အင်း "
" hyung တို့က Yujin ဘက်မှာအမြဲရှိနေပေးသလိုမျိုး Gyuvin ခံစားချက်ဘက်မှာ သူ့မိသားစုက ရှိနိုင်ပါ့မလားပဲ Hyung စိတ်ပူတာ "
" ... "
" Hyung ပြောချင်တာကို နားလည်လား "
" ဟုတ် "
ŞİMDİ OKUDUĞUN
𝗛𝗮𝗽𝗽𝗶𝗲𝗿 [ 규진 ] COMPLETED
Hayran Kurgu𝙢𝙖𝙞𝙣 𝙘𝙥 - 𝚐𝚢𝚞𝚓𝚒𝚗 𝙨𝙞𝙙𝙚 𝙘𝙥 - 𝚋𝚒𝚗𝚑𝚊𝚘 𝘴𝘵𝘢𝘳𝘵 - 02.05.23 𝘵𝘶𝘦𝘴𝘥𝘢𝘺 𝘦𝘯𝘥 - 02.08.23 wed