26 Unicode

874 100 5
                                    

[ KoKo's Friends ]

ကိုကို့ သူငယ်ချင်းတွေနဲ့တွေ့ပေးမယ်ဆိုကာ ဒီမနက်တော့ Yujin တစ်ယောက် ကိုကိုခေါ်တဲ့နောက်ကို ပါလာခဲ့ရပြန်သည် . အချိန်အကြာကြီးတော့တွေ့နိုင်မှာမဟုတ်တော့ ဘာလို့ဆို ဒီနေ့က ပြန်ဖို့လုပ်ထားကြောင်း Hanbin hyung က ဒီမနက်မှပြောလာတာဖြစ်သည် .

" ဟာ Gyuvin လာလာ ဒီဝိုင်းကိုလာ "

ဆိုင်ဝန်းထဲ  ဝင်လိုက်တာနဲ့ကို အားပါးတရကြိုဆိုကြသော ကိုကိုနဲ့ရွယ်တူ သူငယ်ချင်းတွေကို တွေ့ရတော့ ကိုကိုက ဒီမှာလည်း လူဝင်ဆံ့သော ဆက်ဆံရေးကောင်းတဲ့ လူတစ်ယောက်မှန်း Yujin သိလာရသည် .

" Yujin စိတ်ကိုပေါ့ပေါ့ပါးပါးပဲထားနော် ဒီလူတွေက ဘာအကြောင်းမှမရှိဘူး အေးဆေးပဲ "

ပေါင်းသင်းဆက်ဆံရေးတွင် ကိုကို့လောက် မတော်သော Yujin ကို စိတ်ပူနေသော လေသံဖြင့် ကိုကိုက မှာလို့လာပြန်တော့ ခေါင်းသာ ညှိတ်ပြလိုက်တော့သည်.

" Gyuvin တို့သည်းသည်းလှုပ်ပြီး ပါးစပ်ဖျားက နာမည်ကို မချတာလည်းမပြောနဲ့လေ Han Yujin ကချစ်စရာကောင်းတာကို "

အဖွဲ့ထဲက အမတစ်ယောက်က ထိုသို့ထပြောလာတော့ Yujin မှာသာ ပြုံးပြရမလို ရယ်ပြရမလိုနဲ့ ဖြစ်နေချိန် ကိုကိုကတော့ ဂုဏ်ယူဝံ့ကြွားနေတဲ့ မျက်နှာထားနဲ့

" မိတ်ဆပ်ပေးစရာမလိုတော့ဘူးမလား အကုန်သိပြီးနေပြီပဲ "

Gyuvin က သူ့သူငယ်ချင်းတွေကို ထိုသိူ့ပြောလိုက်တော့ Yujin က အင်္ကျီလက်စကို ဆွဲကိုင်ကာ မိတ်ဆပ်ပေးဆိုတဲ့သဘောနဲ့ ကြည့်လာသည် . ထိုအခါ Gyuvin က Yujin လက်ကို ကိုင်လို့ အားလုံးမြင်အောင် ပြလိုက်ပြီး

" အားလုံးသိတဲ့အတိုင်း ငါပြောပြောနေတဲ့ ကိူရီးယားမှာ ကျန်နေခဲ့တဲ့ ဟောဒီ့က Kim Gyuvin ရည်းစား Han Yujin ပါ "

ဒီဝိုင်းမှာ Yujin ကသာ အငယ်ဆုံးဖြစ်လောက်သည် . အကုန်လုံးဟာ Gyuvin နဲ့ရွယ်တူနဲ့ လုပ်ဖော်ကိုင်ဖက်တွေကြီးသာ ရှိနေတာမို့ စဉ်းစားမရဘူး ဘာလို့များ ကိုကိုက တကူးတကဒီလိုကြီး ပေးတွေ့နေတာလဲ .

" ဒီကောင်က ဥ ထားချင်နေတာလေ အကိုတို့က အတင်းခေါ်လာခိုင်းလို့ "

𝗛𝗮𝗽𝗽𝗶𝗲𝗿 [ 규진 ] COMPLETEDNơi câu chuyện tồn tại. Hãy khám phá bây giờ