5 Unicode

1K 113 8
                                    

[ ရင်ခုန်ခြင်း ( သို့ ) ဝင်ခံခြင်း ]

လာကြိုဖို့ ဖုန်းဆက်ပြီးတော့မှ ထိုနေရာ ထိုနေရာမှာရပ်ရင်း ကြောက်နေရမယ့်သူက ရင်ခုန်နေရတာ ဘာကြောင့်များလဲ . အကို Gyuvin က တကယ်ပဲ လူကို အမျိုးမျိုးခံစားရအောင် လုပ်နိုင်တယ် .

အဝေးကလာနေတဲ့ ကားအလင်းရောင် ခပ်စူးစူးတွေကိုတောင် ရင်ခုန်စိတ်နဲ့အတူ မျက်စိအစူးခံ၍ အကို Gyuvin ကို စောင့်နေမိသည် . တ တီ တီ ဟွန်းတီးကာ အနားရောက်လာသော ကားက အကို Gyuvin မဟုတ်ပဲ ရုတ်တရက်ဆိုသလို အတန်းထဲက နှစ်ကျအကိုကြီးတို့ ခပ်ဆိုးဆိုးအုပ်စုဖြစ်နေတော့ Yujin လန့်သွားရင်း နောက်ကို ခြေနှစ်လှမ်းလောက် ဆုတ်မိလိုက်သည် . ဒီအုပ်စုက သွားယှဉ်လို့မရတဲ့ အနေအထားတစ်ခုမှာရှိနေတာလေ .

" Han Yujin ပဲ အကိုတို့လိုက်ပို့ပေးမယ် "

" ရပါတယ် အိမ်ကလာကြိုမှာမို့လို့ "

" နောက်ကျနေပြီ ဒီမှာတစ်ယောက်ထဲ အကိုတို့စိတ် မချနိုင်ပါဘူး "

ကားထဲကပါ ဆင်းလာကြသူတွေကြောင့် Yujin တော့ တကယ်ကို ကြောက်နေမိတာပဲဖြစ်သည် . သုံးယောက်နဲ့ တစ်ယောက် ပြီးတော့ Yujin ဆိုတာ တကယ့်လူကောင်အသေးဆုံးကျောင်းသားမဟုတ်လား . ဒီအကိုကြီးတွေက နှစ်ကျဆိုတာထက်ကို ခပ်ဆိုးဆိုး အကျင့်ပေါင်းစုံနဲ့ နာမည်ကြီးတာမို့ ဘာမဆို လုပ်ပြစ်မယ့် စရိုက်တွေ .

" ရပါတယ် ကျွန်တော့်ကိုလာကြိုမှာ "

" မရဘူး "

Yujin ရဲ့ကျောပိုးအိပ်ကနေ မ, လိုက်ပုံများ Yujun မှာ တကယ်ဘယ်သူမှမကယ်နိုင်တော့ဘူးလို့တောင်တွေးလိုက်မိတော့တာ . သူတော့ တကယ် အထက်တန်းရောက်မှ ကျောင်းတွင်းအနိုင်ကျင့်ခံရဖူးပြီလားလို့တွေးပြီး ငိုချင်လာတဲ့အထိ .

" ဖျက်စီးပစ်ချင်စရာလေး "

" ဗျာ ကျွန်တော့်ကိုလွှတ်ပါ တကယ်အိမ်ကလာကြိုမှာမို့လို့ပါ "

Yujin ရဲ့ မျက်နှာကို ကြမ်းတမ်းစွာညှစ်ကိုင်၍ အာခေါင်သံကြီးနဲ့ စကားပြောလာပုံများ Yujin ဒီနေရာမှာတင် သေသွားလိုက်ချင်သည် . အကို Gyuvin ကဘာလို့ ဒီလောက်ကြာနေရတာလဲ . မဟုတ်ဘူး Yujin ကသာ နောက်ကျမှ ဖုန်းဆက်မိလိုက်တာ .

𝗛𝗮𝗽𝗽𝗶𝗲𝗿 [ 규진 ] COMPLETEDHikayelerin yaşadığı yer. Şimdi keşfedin