18 Zawgyi

255 5 0
                                    

[ LDRS ]

" ကျားသားမိုးကြိုး Gyuvin ရောက်လာတာလား "

Hao Hyung ရဲ့ကုမ္ပဏီအခန်းတွင်းဝင်လိုက်တာနဲ့ စကြားလာရတဲ့ ရယ်သံနှောထားတဲ့ အသံပင်ဖြစ်သည် . ဘာမှမပြောချင်တာနဲ့ ဧည့်သည်လာရင် ထိုင်နေကြ စားပွဲဝိုင်းက ဆိုဖာခုံကြီးပေါ်သာ ခြေပစ်လက်ပစ်နေပစ်လိုက်တော့သည် .

" ဘာဖြစ်လာတာလဲ "

အလုပ်စားပွဲက ထမလာပဲ ကွန်ပျူတာတစ်လုံးနဲ့ အလုပ်ရှုပ်နေသော အကိုဖြစ်သူက လှမ်းမေးတော့ Kim Gyuvin တစ်ယောက် ဆိုဖာနောက်မှီကို မေးတင်ကာ Hao ကို လှမ်းကြည့်လို့လာရင်း

" Hyung သူငယ်ချင်းတစ်ယောက်ရဲ့ ရည်းစားက သူ့ကို စိတ်ဆိုးနေလို့တဲ့ အကြောင်းပြချက်မရှိပဲ စိတ်ဆိုးလို့ရတာလား "

" Gyuvin ငါ့ကို လူလည်လာလုပ်နေတာလား မင်းရည်းစားလို့သာပြောလိုက် "

" မဟုတ်တာ "

" ဘာလဲ Han Yujin ကမင်းရည်းစားမဟုတ်ဘူးလား "

" Hyung! Hyung ဘယ်လိုသိတာလဲ "

Gyuvin အံ့ဩတစ်ကြီးနဲ့ မေးလာတော့မှ Hao က လုပ်လက်စအလုပ်ကို ရပ်ကာ Gyuvin ကိုကြည့်ရင်း

" ငါမေးတာဖြေ Han Yujin နဲ့ မင်းနဲ့က ဘာလဲ "

" ဟီး...ကျွန်တော့် ကလေးလေး "

" တော်တော်ဖြစ်နေတာ "

" ထားပါဦး Hyung ကဘယ်လိုသိတာလဲ မာမီတိုင်ထားတာလား မာမီ့ဘက်ကမနေနဲ့နော် . ကျွန်တော် ဒီတစ်ခါအတည် . မာမီလုပ်လို့ပဲ အခုလည်း ဝေးနေရတာ . ကုမ္ပဏီမှာ ကိုယ့်ပိုက်ဆံနဲ့ ကိုယ် ရှယ်ရာ ဝယ်ထားနိုင်မှ Yujin ကိစ္စကို သဘောတူပေးမယ်တဲ့လေ . တကယ်ပဲ ကျွန်တော်အတည်ပြောတာကို ဒီနည်းနဲ့ သက်သေပြဆိုပြီး ဒီကို ပြန်ခေါ်လာတာ Hyung ရာ "

Gyuvin ရဲ့ စိတ်ပျက်လက်ပျက်အသံနဲ့ ပုံစံကို ကြည့်ရင်း Hao နည်းနည်းတော့ ယုံပေးနိုင်ပါတယ် . ဒီပြန်ရောက်ကတည်းက Gyuvin တို့ အလုပ်မှအလုပ်ဖြစ်နေတာ Yujin ကြောင့်ဆိုတာကို အခုမှသိရတော့ အံ့ဩမိသား .

" ဒါဆိုလည်း အမေကို အပြစ်ပြောမနေပဲ အလုပ်ကိုကြိုးစားပေါ့ "

" ကြိုးစားရင်း ပင်ပန်းလာရင်းကနေ ကလေးလေးကို လွမ်းလို့ သေတော့မလိုပဲ Hyung ရဲ့ "

𝗛𝗮𝗽𝗽𝗶𝗲𝗿 [ 규진 ] COMPLETEDWhere stories live. Discover now