7 Zawgyi

322 9 0
                                    

[ ကောက်တေး ]

" Hello "

မှေးခနဲအိပ်ပျော်နေရာမှ ဖုန်းသံကြောင့်နိုးလာရင်း Hanbin ဆီကဖြစ်နေတာမို့ အချိန်မဆွဲပဲ ကိုင်လိုက်သည် .

" အေး Gyuvin မင်းအားလားတော့မသိဘူး . တစ်ခုကူညီပေးပါဦးကွာ "

" ရတယ်လေ ဘာကိစ္စလဲ အားမနာပဲပြော "

" ငါ့ညီနေမကောင်းလို့ဆို့ပီး ကျောင်းကဖုန်ူဆက်လာလို့ . မင်းသွားကြိုပေးပါဦး "

" မနက်ကအကောင်းကြီးပါ . ကျွန်တော်ပဲ လိုက်ကို့ပေးလိုက်တာလေ Hanbin hyung "

" အေး အခုမှဘာဖြစ်လဲတောင်သေချာမမေးရဘူး ငါ့ကိုလည်းသေချာတော့ပြောမသွးဘူး သူ့အတန်းပိုင်က . မင်းသွားကြိုပေးမယ်ဆို ငါဆရာမဆီ ဖုန်းကြိုဆက်ထားလိုက်မယ် "

" အခုသွားနေပြီမို့ ဆက်ပေးထားပါဦး "

" ဟမ် မင်းကလည်း မြန်လိုက်တာ "

" စိတ်ပူလို့လေ Hyung ရာ "

၃၀ မိနစ်လောက် အမြန်နှုန်းနဲ့ မောင်းပြီးတဲ့နောက်မှာတော့ Yujin တို့ကျောင်းဆီရောက်လာခဲ့သသည် . ကိုယ်က ကျောင်းရှေ့ထိပဲ လိုက်ပို့ဖူးတာ . Yujin အခန်းဆီတခါမှမရောက်ဖူးလေတော့ Hanbin ပြောတဲ့ အတိုင်းပဲ ဟိုမေးဒီမေးနဲ့ အတန်ဒရှေ့ရောက်လာတော့သည် . အတန်းထဲက ထောင့်ဆုံးခုံမှာ ထိုင်ရင်း သူငယ်ချင်းတွေပြောတဲ့ စကားကို နားထောင်နေပုံရသော Yujin က တကယ်ပဲ နေမကောင်းလို့လား .

စိုက်ကြည့်နေတာကြာသွားပြီးနောက် အတန်းထဲက ကလေးတွေရဲ့ အာရုံက အပေါက်ဝပိတ်ရပ်နေသော Gyuvin  ဆီ အကြည့်များနဲ့ စုပြုံရောက်လာတော့သည် . ထိုထဲ Yujin ပါမြင်သွားလေတော့ မျက်လုံးဝိုင်းလေးနဲ့ ချက်ချင်းဆိုသလို Gyuvin ဆီလျှောက်လာတော့သည် .

" အကို Gyuvin "

Yujin နာမည်ခေါ်တာကိုလည်း ပြန်မထူးနိုင်သေး . အနားရောက်လာတဲ့လူကို လက်ကောက်ဝတ်ကနေဆွဲကာ ဆံပင်အုပ်အုပ်လေးများကို သပ်တင်၍ အပူချိန်အရင်ဆုံးစမ်းမိတော့ Yujin မှာ ရှက်သွားရသည် . အခုက သူငယ်ချင်းတွေအားလုံးကြည့်နေကြတယ်မဟုတ်လား .

" ဟို "

" နေမကောင်းဘူးဆို အဲ့တာမို့လာခေါ်တာ . အဖျားတော့မရှိပါဘူး နွေးတေးတေးလေးတော့ဖြစ်နေပုံပဲ . ဆရာမရော . ပြောပြီး ပြန်ခေါ်သွားမယ် "

𝗛𝗮𝗽𝗽𝗶𝗲𝗿 [ 규진 ] COMPLETEDWo Geschichten leben. Entdecke jetzt