[ Don't go ]
" Yujin တကယ်ပဲ Gyuvin ကို ဒီတိုင်းသွားခိုင်းတော့မလို့လား "
Hyung ရဲ့ အပြောစကားကိုလည်း Yujin နားမဝင်နိုင်. အောက်ထပ်က ကိုကိုနဲ့ ဒယ်ဒီတို့ရဲ့ စကားပြောနေသံကိုသာ အသည်းအသန် နားစွင့်နေမိသည် .
" အောက်ဆင်းသွားလိုက်တာမဟုတ်ဘူး "
" မဆင်းသွားချင်ဘူး ဒါပေမယ့် အကို Gyuvin ကိုတော့ တွေ့ချင်တယ် "
" မချစ်တာလည်းမဟုတ်ပဲနဲ့ မာမီတို့က Yujin သဘောပဲကို Yujin စိတ်ကစားနေတယ်ဆိုပြီး အဲ့အကွက်နဲ့ မာမီက ချုပ်ထားတာကို သိသိနဲ့ တစ်ခါလောက် Gyuvin ကိုတွေးပေးလိုက်ပါဦး "
" ဒါပေမယ့် မာမီက "
" မာမီကဘာဖြစ်လဲ မိဘပြောစကားနားထောင်တာတော့ hyung သဘောကျတာပေါ့ . ဒါပေမယ့် hyung တစ်ခုမေးမယ် . ဒီလိုနဲ့ နှစ်ယောက်ဝေးတယ်ထားဦး ပြီးရင် မာမီက Gyuvin မဟုတ်တဲ့ တစ်ခြားတစ်ယောက်နဲ့ အတင်းပေးစီစဉ်ရင် ပျော်မှာလား . အဲ့အခါ အခုစိတ်ညစ်ရတာထင်ဆိုးမှာနော် "
" hyung ကလည်း "
" အချိန်လွန်မှ Gyuvin ကို လက်လွှတ်ရပြီဆိုပြီး နောင်တရမှာစိုးလို့ ဒီအစ်ကိုက ပြောပြနေတာ "
" ကျွန်တော့်ကို မတွေ့ချင်လောက်တော့ဘူးထင်တယ် ဘာတွေပြောနေလဲမသိဘူး သိချင်လိုက်တာ "
" သွားမယ်လာ "
Hanbin ရဲ့ အတင်းဆွဲခေါ်မှုနောက်ကို ယက်ကန်ယက်ကန်နဲ့ ပါလာရတော့သည် . အောက်ရောက်တာနဲ့ အကုန်လုံးရဲ့ အကြည့်က Yujin ဆီတန်းရောက်လာပေမယ့် Gyuvin ကတော့ ခဏသာကြည့်၍ အကြည့်ကို လွှဲပြစ်သည် . ဒါကို သတိထားမိတဲ့ Yujin ကတော့ စိတ်မကောင်းဖြစ်တာပေါ့!
" ဘာလို့ဆင်းလာတာလဲ "
မာမီ့ရဲ့ အသံကို ကြားတာနဲ့တင် Yujin ပျောက်ကွယ်သွားသည် .အောင်သွယ်တော် hanbin hyung ကလည်း အတင်းတွေကို Gyuvin နားကပ်ထိုင်ရအောင် တွန်းနေတော့သည်မို့ ဘေးချင်းကပ်အနေအထားနဲ့ နီးလို့သွားရသည်
" သားခေါ်လာတာ . သူ့ ဧည့်သည်ကိုလည်း တွေ့ရအောင် "
" ဧည့်သည်ကအခုပဲ ပြန်တော့မှာ "
YOU ARE READING
𝗛𝗮𝗽𝗽𝗶𝗲𝗿 [ 규진 ] COMPLETED
Fanfiction𝙢𝙖𝙞𝙣 𝙘𝙥 - 𝚐𝚢𝚞𝚓𝚒𝚗 𝙨𝙞𝙙𝙚 𝙘𝙥 - 𝚋𝚒𝚗𝚑𝚊𝚘 𝘴𝘵𝘢𝘳𝘵 - 02.05.23 𝘵𝘶𝘦𝘴𝘥𝘢𝘺 𝘦𝘯𝘥 - 02.08.23 wed