🪄ငွေမျှင်ရောင် ဖန်သားနန်းတော်🪄
အပိုင်း(၂)
"အားလုံးပဲ မင်္ဂလာပါ ခုရောက်ရှိနေတာကတော့ ရှမ်းပြည်နယ် ကလောမြို့မှာရှိတဲ့ Queen juice factory မှာပဲဖြစ်ပါတယ် ကွင်းအချိုရည်စက်ရုံကို ချယ်ရီနဲ့တူတူလေ့လာကြည့်ရအောင်နော်"
အစီအစဉ်တင်ဆက်သူ ချယ်ရီမိုးသားမှ စက်ရုံအတွင်းပိုင်းသို့ဝင်ရောက်ကာရိုက်ကူးရေးကိုစတင်ပါသည်။
"ဒါကတော့ ကွင်းရဲ့ ပိုင်ရှင် မဆောင်းမြငွေရည်ပဲ ဖြစ်ပါတယ် မင်္ဂလာပါအစ်မ"
"မင်္ဂလာပါ"
မြ တစ်ယောက် အဝါရောင် ချည်သား မြန်မာဝတ်စုံလေးကိုမိတ်ကပ်ပါးပါးလေးလိမ်းခြယ်၍ဝတ်ဆင်ထား၏။
မြပုံက ကြည့်လိုက်သူတိုင်းယဉ်ကိုအေးနေစေ၏။
"ဟုတ်ကဲ့ပါ အစ်မ
အစ်မရဲ့ အချိုရည်ကပေါ့နော် ပြည်တွင်းမှာတင်မကဘဲ ပြည်ပထိ ရောင်းအားကောင်းအောင်မြင်မှုရနေတာ တွေ့ရပါတယ်ရှင့်
ခုလိုမျိုး အခြေအနေမှာရပ်တည်နိုင်တဲ့ လျှိုဝှက်ချက်လေးသိပါရစေရှင့်"မေးသူမိန်းကလေးကိုကြည့်ကာ မြအသာပြုံးပြလိုက်ပြီး
"အဓိကကတော့ စေတနာကြောင့်လို့ပဲပြောရမယ် အမတို့နိုင်ငံမှာက အစားအသောက်တော်တော်များများ ဓာတုတွေနဲ့ဆိုတော့ ကျန်းမာရေးအပေါ် side effectက ဆိုးဆိုးရွားရွားကိုထိခိုက်နေတာတွေ့ရတယ် ဒီနိုင်ငံကလူတော်တော်များများဟာ အသက်အရွယ်ရလာတာနဲ့အမျှ နှလုံး သွေးတိုး ဆီချိုရောဂါတွေနဲ့ အသက်ရှည်ရှည်မနေကြရဘဲ ဝေဒနာခံစားရင်း သေဆုံးမှုကများတယ်လေ
အဲ့တော့အစ်မအနေနဲ့ ကျန်းမာရေးအတွက်လတ်ဆတ်ပြီး ဘေးထွက်ဆိုးကျိုးကင်းတဲ့ အစားအသောက်မျိုးကို စားသုံးသူတွေကိုပေးချင်တဲ့ဆန္ဒလေးပေါ့နော်
အစ်မရဲ့စက်ရုံမှာက အသီးအနှံတွေကိုကိုယ်တိုင်ခြံနဲ့စိုက်ပြီး သဘာဝအတိုင်းပဲထူတ်လုပ်ခဲ့တာဆိုတော့ စားသုံးသူတွေအပေါ်မှာထားတဲ့ဆမတ္တာကြောင့် ဒီနေရာကိုရောက်လာတယ်ထင်တာပဲ"သူမက ထိုသို့ပြောကာခပ်ဟဟရယ်၏။
"ဟုတ်ကဲ့အစ်မ အစ်မရဲ့ရည်ရွယ်ချက်ကိုကြားရတာ အရမ်းဝမ်းသာမိပါတယ် အစ်မပြောသလို ကျွန်မတို့နိုင်ငံမှာက ဓာတုဆေးဝါးတွေနဲ့ အစားအသောက်တွေကြောင့် ကျန်းမာရေးထိခိုက်မှုက တော်တော်ကိုဆိုးဝါးတဲ့အနေအထားပါ
ခုလိုမျိုးသဘာဝကျကျအစားအသောက်တွေကို အသုံးပြုပေးဖို့ထုတ်လုပ်သူအားလုံးကိုမေတ္တာရပ်ခံချင်ပါတယ်....
YOU ARE READING
ငွေမျှင်ရောင်သန်းသော ဖန်သားနန်းတော်(Completed)
Romance"အဲ့မိန်းမက ပိုက်ဆံချမ်းသာတယ်ဆိုပြီး ဘဝင်လေဟပ်နေတာ....ကျစ်.... ငါကလဲ ဘာလို့အဲ့လိုအမြင်ကပ်ဖို့ကောင်းတဲ့မိန်းမကိုမှ ချစ်မိရတာလဲ " "ဒီမှာ ဒို့အသက်အရွယ်က မင်းနဲ့ကစားဖို့အချိန်မရှိဘူး အဲ့ဒါမင်းနားလည်ထား နောက်တခါ အဓိပ္ပာယ်မရှိတဲ့စကားတွေ ဒို့ကိုလာမပြောနဲ့...