ငွေမျှင်ရောင်သန်းသော
ဖန်သားနန်းတော်🪄အပိုင်း(၁၉)
ထိုသို့ဖြင့် မြဆေးရုံဆင်းပြီး နောက်တစ်နေ့တွင် အိုက်ထန်သည်လည်း ဆေးရုံကဆင်းလေသည်။
သူတို့နှစ်ဦး ပုံမှန်အတိုင်း သူသူကိုယ်ကိုယ်အလုပ်ကိုယ်စီဖြင့် ဆုံတွေ့ဖို့က ရွှေပြည်တော် မျှော်တိုင်းဝေးဆိုသလို သူ့မှာ အလွမ်းဝေဒနာကို ပြင်းပြင်းထန်ထန်ခံစားရပြန်ပါသည်။
ဆေးရုံမှာတုန်းကတော့ သူမအခန်းရှေ့ကနေ သွားသွားချောင်းကြည့်လို့ရပေမယ့် ခုတော့ ဘယ်လိုအကြောင်းပြချက်ဖြင့် သူမဆီသွားရမလဲ သူအမြဲတွေးနေမိသည်။
အစ်မဖြိုးဆီမှ မနှင့်သူ့လူတို့ လမ်းခွဲခဲ့ကြတာသိလိုက်ရပြီး သူမခုလိုဖြစ်သွားရသည်ကလည်း ထို့ကိစ္စကြောင့်ဆိုတာ သိလိုက်ရတော့လရင်ထဲနာကျင်ရပြန်သည်။
မက အဲ့လူကိုဆုံးရှုံးမှာ အဲ့လောက်တောင် ကြောက်ရသလား ဟု သူမချိ့တင်းကဲ ဖြစ်ရပါသည်။
ကြယ်ပန်းလေးတွေပျိုးခဲ့
မင်းလေးပန်းဖို့အတွက်
ရှိသမျှအချိန်တွေရယ်
မင်းအရိပ်များထဲ လွင့်ပျောက်သွားဆဲ....🎶🎶🎶
ဖုန်းသံကြောင့် ဝရံတာကနေ ညကောင်းကင်ကိုမော့ကြည့်နေရင်း ဆေးလိပ်ကိုနှုတ်ခမ်း၌တေ့ထားရာမှ သူ့ဖုန်း ကို ငုတ်ကြည့်လိုက်တော့ မဖြိုးcontact ကိုမြင်လိုက်ရသည်။
"ဟယ်လို အစ်မဖြိုး"
"အိုက်ထန်ရေ လုပ်ပါအုံး ဒီမှာ ရေပိုက်ပြုတ်သွားလို့ ဒီချိန်ကြီး ဘယ်ဆာဗစ်မှလည်း ခေါ်မရတော့လို့ လာကြည့်ပေးပါအုံး ငါ့မောင်ရယ်"
"ဟုတ်ကဲ့ ကျွန်တော် ခုလာခဲ့မယ် အစ်မဖြိုး"
သူဖုန်းကို ချလိုက်ကာဆေးလိပ်ကို အုတ်နံရံဖြင့်ဖိချေလိုက်ပြီး အခန်းထဲပြန်ဝင်၍ အပေါ်ဝတ်ရှပ်ကွက်လက်ရှည်ကိုဝတ်လိုက်ပြီး ဆိုင်ကယ်သော့ယူ၍ ထွက်လာခဲ့လိုက်သည်။
တီးတောင်....
သူရောက်သွားချိန် အစ်မဖြိုးက ချက်ချင်းတံခါးဖွင့်ပေးသလို သူ့လက်ကိုဆွဲ၍ ရေချိုးခန်းဆီခေါ်လို့သွားလေသည်။
YOU ARE READING
ငွေမျှင်ရောင်သန်းသော ဖန်သားနန်းတော်(Completed)
Romance"အဲ့မိန်းမက ပိုက်ဆံချမ်းသာတယ်ဆိုပြီး ဘဝင်လေဟပ်နေတာ....ကျစ်.... ငါကလဲ ဘာလို့အဲ့လိုအမြင်ကပ်ဖို့ကောင်းတဲ့မိန်းမကိုမှ ချစ်မိရတာလဲ " "ဒီမှာ ဒို့အသက်အရွယ်က မင်းနဲ့ကစားဖို့အချိန်မရှိဘူး အဲ့ဒါမင်းနားလည်ထား နောက်တခါ အဓိပ္ပာယ်မရှိတဲ့စကားတွေ ဒို့ကိုလာမပြောနဲ့...