ငွေမျှင်ရောင်သန်းသော ဖန်သားနန်းတော်🪄
အပိုင်း(၂၂)
"ရှမ်းရိုးမက အိုးစည်သံ ဘေးဘုံတီးလို့ညံ နာ....နာ..."
နွယ် လှေကားထစ်တွေပေါ် ခငန်ဆွဆွနှင့် သီချင်းတအေးအေးနှငိ့ဆင်းလာရင်း
"အမလေး"
ခြေထောက်က လှေကားထစ်၏ ထိပ်ပိုင်းကိုသာ လှမ်းမိ၍ ချော်သွားတာမို့ မျက်လုံးများကိုအတင်းဖိမှိတ်လိုက်ချိန် လူကလေပေါ်ပျံလို့သွားသည်။
ဘုန်း
"အား...."
နွယ်ထင်တာ သံမံတလင်းမှာ အရိုးကျေအောင်ကျပြီးအမှတ်နှင့် အသည်းထဲအေးသွားပေမယ့် တကယ့်တကယ်ကျ နာကျင်မှုက ပုရွတ်စိတ်ကိုက်သလောက်သာမို့ ရင်ထဲအနည်းငယ်ကြောက်စိတ်ပြေသွားချိန်
နားထဲ ဝမ်းတွင်းမှ လာသော အသည်းခိုက်မတက်အော်သံကြောင့် မျက်လုံးများကို အမြန်ဖွင့်လိုက်မိသည်။ဟင်....သူ
"ဟဲ့ ဟဲ့ ဘယ်လိုဖြစ်တာတုန်း"
နွယ် အောက်၌ ပိနေသော အံကြိတ်ညည်းတွားနေသည့် သူ့ကိုကြောင်ကြည့်နေမိရင်း အပေါ်ထပ်မှ မမအသံနှင့်အတူ တပုန်းပုန်းပြေးလာသည့်အသံကိုကြားလိုက်ရသည်
"မိနွယ် ထလေ ညည်းဘာလုပ်နေတာလဲ အောက်မှာ အိုက်ထန်သေတော့မှာပဲ"
"ရှင် ဟုတ် ဟုတ်...."
မမက လက်မောင်းကဆွဲထူရင်းပြောတာမို့ နွယ်လည်းလန့်နေကာ မမဆွဲခေါ်သည့်အတိုင်းမတ်တက်ရပ်လိုက်ရ၏။
"အိုက်ထန် အဆင်ပြေလား မောင်လေး"
"သား ဘယ်နားနာသွားသေးလဲ"
မမရော ဒေါ်အေးပါ ပြူးပြူးပျာပျာဖြင့် မေးနေပေမယ့် သူကတော့ ခေါင်းသာခါပြနေသော်လည်း လူက ခုထိထမနိုင်သေးပါ။
သူက သူ့ခေါင်းနောက်ဘက်ကို လက်နှင့် စမ်း၍ လက်ကိုပြန်ယူကြည့်ချိန်
"ဟယ် သွေးတွေ"
"ခေါင်းထိသွားတာဖြစ်မယ် သား ထ ထ ဆေးရုံသွားရမယ်"
မမ၏အော်သံနှင့်အတူ ဒေါ်အေး၏ သုတ်သုတ်ပျာပျာ တွဲထူနေသည်ကို နွယ် ကျောက်ရုပ်လိုတောက်တောက်လေး ကြောင်၍ ရပ်ကြည့်နေမိသည်။
أنت تقرأ
ငွေမျှင်ရောင်သန်းသော ဖန်သားနန်းတော်(Completed)
عاطفية"အဲ့မိန်းမက ပိုက်ဆံချမ်းသာတယ်ဆိုပြီး ဘဝင်လေဟပ်နေတာ....ကျစ်.... ငါကလဲ ဘာလို့အဲ့လိုအမြင်ကပ်ဖို့ကောင်းတဲ့မိန်းမကိုမှ ချစ်မိရတာလဲ " "ဒီမှာ ဒို့အသက်အရွယ်က မင်းနဲ့ကစားဖို့အချိန်မရှိဘူး အဲ့ဒါမင်းနားလည်ထား နောက်တခါ အဓိပ္ပာယ်မရှိတဲ့စကားတွေ ဒို့ကိုလာမပြောနဲ့...