ငွေမျှင်ရောင် သန်းသော ဖန်သားနန်းတော်
အပိုင်း(၁၈)
"သွေးလိုတယ် လူနာကသွေးထွက်လွန်နေပြီး သွေး မြန်မြန်ရှာမှရမယ် ဒီထက်ကြာရင် အသက်ရယအန္တရာယ်ဖြစ်နိုင်တယ်"
မိနစ်နှစ်ဆယ်ခန့်အကြာ ဂျူတီကုပ်အဖြူရောင်နှင့် အသက်လေးဆယ်အရွယ် ဆရာဝန်တစ်ယောက် သုတ်သုတ်ပြာပြာဖြင့် အရေးပေါ်အခန်းထဲမှ ထွက်လာကာ ပြောလာသည့်စကားဖြစ်သည်။
ထိုချိန် သူရော ဖြိုးပါ ပျာယာခတ်စွာ ဒေါက်တာနားရောက်လာကြကာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကုန်ကြရသည်။
ဒေါက်တာအနားသို့ သူနာပြုများလည်းရောက်လာကြရာ
"ဘာသွေးအမျိုးအစားလဲ ဆရာ"
"အေသွေး"
"ဘယ်နှအိတ်လိုတာလဲ ဆရာ"
"လေးအိတ်လောက်လိုမယ် "
"ဟင် ကျွန်မတို့မှာ လောလောဆယ် နှစ်အိတ်ပဲရှိတယ်ဆရာ"
ဆရာဝန်ရော သူနာပြုပါ အကြံအိုက်ကုန်ကာ ထိုချိန် အိုက်ထန်လည်းအလျင်အမြန်ပင်ဝင်ပြောလိုက်လေသည်။
"ကျွန်တော်လှူမယ်ဆရာ ကျွန်တော်အေသွေးပါ"
သူရုတ်တရက်ဝင်ပြောလိုက်ချိန် စိတ်လောနေ၍ အသံက ကျယ်လို့သွားသည်။
ထိုအခါ ဆရာဝန်က သူ့ကိုကြည့်ပြီးခေါင်းညိတ်ပြကာ
"အင် ဒါဆို နောက်တစ်အိတ်ပဲထပ်လိုမယ် ပရဟိတအသင်းတွေဆီကိုဆက်သွယ်ပြီးရှာကြည့်လိုက်ပါဆရာမ"
"ဟုတ်ကဲ့ပါဆရာ"
"ကျွန်တော် နှစ်အိတ်လုံးလှူလို့မရဘူးလားဆရာ ဖြစ်နိုင်ရင် ကျွန်တော် သွေးလိုသလောက်လှူချင်ပါတယ်"
ထိုအခါ သွေးအလှူရှင်ရှာဖို့ ထွက်သွားသည့် သူနာပြုပင် သူ့ကိုလှည့်ကြည့်လာသည်။
"မရဘူးကွ မင်းလှူချင်ရင်တောင် လူတစ်ယောက်ဆီကနေ တစ်အိတ်ပဲ ယူခွင့်ရှိတယ်
ဆရာမ သူ့ကို သွေးယူဖို့ခေါ်သွားလိုက်ပါ"မရတဲ့အဆုံး
သူလည်း ဘာမှစဉ်းစားမနေတော့ဘဲ ထိုသူနာပြုနောက်သို့လိုက်လာခဲ့လိုက်သည်။
ESTÁS LEYENDO
ငွေမျှင်ရောင်သန်းသော ဖန်သားနန်းတော်(Completed)
Romance"အဲ့မိန်းမက ပိုက်ဆံချမ်းသာတယ်ဆိုပြီး ဘဝင်လေဟပ်နေတာ....ကျစ်.... ငါကလဲ ဘာလို့အဲ့လိုအမြင်ကပ်ဖို့ကောင်းတဲ့မိန်းမကိုမှ ချစ်မိရတာလဲ " "ဒီမှာ ဒို့အသက်အရွယ်က မင်းနဲ့ကစားဖို့အချိန်မရှိဘူး အဲ့ဒါမင်းနားလည်ထား နောက်တခါ အဓိပ္ပာယ်မရှိတဲ့စကားတွေ ဒို့ကိုလာမပြောနဲ့...