part 7

205 6 0
                                    

ငွေမျှင်ရောင်သန်းသော
                       🪄
                      ဖန်သားနန်းတော်

အပိုင်း(၇)

"အိုက်ထန် အဲ့ဒါကဘယ်သဝေထိုးအုံးမလို့လဲ "

"ဘယ်သွားသွားပေါ့မဲး့ရာ တော်တော်စားတာပဲ"

အိုက်ထန် စိတ်ပျက်ပျက်ဖြင့် ဆိုလိုက်ချိန် ဒေါနန်းက သူ့အနားရောက်ချလာကာ

"နင် အဲ့လို ဂျစ်ကန်ကန်တွေလျှောက်လုပ်လို့ ခုအလုပ်လက်မဲ့ဖြစ်တဲ့အပြင် ကိုယ့်ကိုစေတနာနဲ့စာသင်ပေးမဲ့သူကိုစော်ကားရန်ခံတွေ့လို့ နင့်ပညာရေးလဲမသေချာတော့ဘူး ကဲပြောစမ်းပါအုံး နင်ဘဝကိုဘယ်လိုရှေ့ဆက်မလဲဆိုတာ ငါတို့က အသက်ကြီးပြီးမို့ သေမဲ့နေ့ပဲမျှော်နေပေမယ့် ကျန်ခဲ့မဲ့ နင်နဲ့ အငယ်မကို စိတ်မချနိုင်ဘူး အိုက်ထန်ရဲ့"

အိုက်ထန် နားကိုလက်ဖြင့်ခါကာ နားညီးသည်ဟူသည့်ပုံစံဖြင့် ဂျစ်ကန်ကန်ပြုမှု၍

"ပူမနေပါနဲ့ဗျာ သူ့ဘာသူဖြစ်သွားလိမ့်မယ် ဒိုးပြီးမဲ့း"

သူ ဝါးလှေကားမှတဆင့် အောက်သို့ဆင်းကာ ခြံပြင်သို့ထွက်လာခဲ့လိုက်သည်။

ဒေါ်နန်းကတော့ အိမ်ပေါက်ဝ၌ ထိုင်လျက် သက်ပြင်းအခါခါချကာ အိုက်ထန်ကိုမျက်စိတဆုံးရောက်သည်ထိကြည့်နေမိသည်။

.....

ကျွတ်....

အိုက်ထန် ပန်းဝါဝါတွေကိုလှမ်းမြင်လိုက်ချိန် ကိုယ့်ကိုယ်ကိုလည်းမကျေမနပ်ဖြစ်မိသည်။

လူငယ်တစ်ယောက်ရဲ့စိတ်ခံစားချက်နောက်ကို အထိန်အကွပ်မဲ့လိုက်နေခြင်းက ရူးသွပ်ခြင်းလား....

ဒါမှမဟုတ်

စိတ်ကစားနေခြင်းလား....

သူမမကိုချစ်တယ်....ဒါပေမယ့် ခုလောက်ထိ မတမ်းတဖူးဘူး....

မမရှိရင်သိပ်ကောင်းမှာပဲလို့တွေးခဲ့ဖူးတယ် ခုလိုမျိုးကြီးတော့ လွန်းလွန်းကျူးကျူးမခံစားခဲ့ရဘူး

မမထွက်သွားပြီးတစ်ပတ်လောက်ထိတော့ သူဝမ်းနည်းသလိုလိုငိုချင်သလိုလိုရယ်ပါ။

ငွေမျှင်ရောင်သန်းသော ဖန်သားနန်းတော်(Completed)Dove le storie prendono vita. Scoprilo ora