ငွေမျှင်ရောင်သန်းသော ဖန်သားနန်းတော်
အပိုင်း(၁၅)
မြ သုံးရက်ဆက်တိုက် လိုင်းပေါ်မှာရော ဖုန်းတိုက်ရိုက်နဲ့ပါ ဆက်သွယ်နေပါသော်လည်း သူ့ဘက်က ဖုန်းကိုင်လာခြင်းမရှိပါ။
ကိုယ်တို့ ပြန်စဉ်းစားဖို့အချိန်လိုတယ် ကိုယ့်ကိုယ်အချိန်ခနပေးပါ....
ဟူသော message သာ နောက်ဆုံးပို့၍ နောက်ထပ်ပြန်စာမလာတော့သလို မြပို့ထားသည့်စာတွေလည်းဝင်မကြည့်ခဲ့ပါ
ဒီကိစ္စက ဒီလောက်တောင် ဖြစ်သွားစရာလိုသလား မြသိချင်သည်။
အမှန်ဆို သူ့အမေဘက်က သူမတို့ကြားဝင်ပါတယ်ဆိုရင်တောင် သူ့အနေနဲ့ သူမအပေါ်နားလည် ပေးပြီး ကာကွယ်ပေးရမှာမဟုတ်ဘူးလား...
ခုတော့ ကိုက ရှောင်ပြေးဖို့သာ ဦးတည်နေသည်မို့ မြမှာ အမှုကိစ္စ စုံစမ်းရ လိုက်ရနှင့် ရင်ထဲကနာကျင်ရတာပါပေါင်း၍ လူက နုံးခွေလျက် မျော့မျော့သာကျန်တော့သည်။
"မမမြ ထမင်းစားတော့မလား"
ငွေသော်တာ အမေးကို ခေါင်းသာ အသာ ရမ်းပြလိုက်ပြီး ဆိုဖာပေါ် အားမရှိးစွာ ခေါင်းလှန်မီချလိုက်မိသည်။
မြ မျက်လုံးများကိုမှိတ်ထားလျက် ကျောက်ရုပ်တစ်ရုပ်လိုသာငြိမ်သက်နေသည်မို့ ငွေသော်တာလည်း ဆက်ပြီး ထမင်းစားရန်ခေါ်ဖို့ တွန့်ဆုတ်နေရသည်။
"မမမြ ဆေးသောက်ဖို့တွေရှိတော့ အစာဝင်အောင်တစ်ခုခုစားလိုက်ပါလားဟင်"
"တို့ မစားချင်သေးလို့ နောက်မှပဲ"
"ဟုတ်ကဲ့"
မြ ရင်ထဲ မောပန်းနွမ်းနယ်လျက် ဘာမှလည်းလုပ်ချင်ကိုင်ချင်စိတ်မရှိတော့တာမို့ မှေးသာနေမိတော့သည်။
ထိုချိန် တံခါးဖွင့်သံကြားလိုက်ရပြီး ငွေသော်တာ၏ ဖြိုးဖြိုးအားနှုတ်ဆက်လိုက်သံကိုပါကြားနေရပေမယ့် သူမကတော့ မျက်လုံးများဖွင့်မကြည့်မိပါ။
ငိုရလွန်း၍ ခေါင်းတွေထိုးကိုက်နေကာ စိတ်ထဲလည်းနေလို့အဆင်မပြေတာမို့ ဘယ်သူနဲ့မှလည်းစကားပြောချင်စိတ်မရှိ၍ ဆက်၍သာမှေးနေမိသည်။
YOU ARE READING
ငွေမျှင်ရောင်သန်းသော ဖန်သားနန်းတော်(Completed)
Romance"အဲ့မိန်းမက ပိုက်ဆံချမ်းသာတယ်ဆိုပြီး ဘဝင်လေဟပ်နေတာ....ကျစ်.... ငါကလဲ ဘာလို့အဲ့လိုအမြင်ကပ်ဖို့ကောင်းတဲ့မိန်းမကိုမှ ချစ်မိရတာလဲ " "ဒီမှာ ဒို့အသက်အရွယ်က မင်းနဲ့ကစားဖို့အချိန်မရှိဘူး အဲ့ဒါမင်းနားလည်ထား နောက်တခါ အဓိပ္ပာယ်မရှိတဲ့စကားတွေ ဒို့ကိုလာမပြောနဲ့...