🪄ငွေမျှင်ရောင်သန်းသောဖန်သားနန်းတော်🪄
အပိုင်း(၃)
သူ့ခန္ဓာကိုယ်သည် လေထဲ၌လွင့်မျောနေလေ၏။
သူ၏စိတ်တို့သည်လည်း စိတ်ကြိုက်လွတ်လပ်ပေါ့ပါးလို့နေ၏။သူသည်စီးနေသောဆိုင်ကယ်လက်ကိုင်ကို ဆွဲဆောင့်ကာ ခေါင်းထောင်စေလိုက်ရာ ဆိုင်ကယ်မှာ နောက်ဘီးတစ်ဖက်သာ လမ်းနှင့်ထိနေကာ ခေါင်းထောင်လို့သွား၏။
"ဝူး....စောက်ရမ်းမိုက်တယ်ကွာ"
သူကျေနပ်အားရစွာ အော်ဟစ်ရေရွတ်လိုက်မိ၏။
အိုက်ထန် တစ်ယောက် တောင်တက်လမ်းအကွေ့အကောက်တွေကြား စိတ်ကြိုက်ဆိုင်ကယ်စတန့်မျိုးစုံဖန်တီး၍ ပျော်ပါးနေလေ၏။
သူတဝကြီး စီးပြီးမှ သူငယ်ချင်းတွေရှိရာသို့ပြန်သွားလေသည်။
အချိန်ကာ မနက်၃နာရီရှိလေပြီး။
သူငယ်ချင်းအားဆိုင်ကယ်ပြန်အပ်ကာ အိမ်သို့ကုန်းကြောင်းပြန်လာခဲ့လိုက်သည်။
သူ့ခေါင်း၌ပတ်တီးကတော့အဖွေးသားပင် သို့သော် ဆေးရုံမှာနေနေရတာ စိတ်ပျက်ညည်းငွေ့လွန်းလို့စိတ်ထွက်ပေါက်အနေနဲ့ သူငယ်ချင်းတွေဆီရောက်လာခဲ့တာဖြစ်သည်။
ဆိုင်ကယ်နဲ့ပတ်သက်ရင်ဘယ်လောက်ထိထိ စိတ်မှတ်မရှိသည့်သူက ဆိုင်ကယ်စီးရတာ သူ့ဘဝတစ်ခုလုံးမှာ အမက်မောဆုံးခရေစီအဖြစ်ဆုံးဖြစ်၏။
သူတစ်ယောက်တည်း တွေးရင်း ဆတာက်တက်လမ်းအတိုင်းခပ်ဖြည်းဖြည်းတက်လာခဲ့လိုက်သည်။
ဂျွီ....ဂျွီ....ဂျွီ...
ဟင် ဘာသံလည်း
အကွေးတစ်ခုနားအရောက်တွင်ကျယ်ကျယ်လောင်လောင် အသံတစ်ခုကြောင့် သူအတွေးတွေရပ်တန့်သွားကာဟိုဟိုဒီဒီလိုက်ကြည့်မိ၏။
ထိုချိန် တောင်စောင်း နံရံတစ်နေရာ၌ မှောက်လျက်မီးလင်းနေသော ကားတစ်စီးကိုတွေ့လိုက်ရ၏။
ဟာ....
သူမျက်လုံးများပြူးကာ အရေးပေါ်အသံပြုနေသော ကားဆီ လမ်းမေဘးခပ်လျောလျော လမ်းစောင်းအတိုင်းဆင်းလာခဲ့လိုက်မိသည်။
DU LIEST GERADE
ငွေမျှင်ရောင်သန်းသော ဖန်သားနန်းတော်(Completed)
Romantik"အဲ့မိန်းမက ပိုက်ဆံချမ်းသာတယ်ဆိုပြီး ဘဝင်လေဟပ်နေတာ....ကျစ်.... ငါကလဲ ဘာလို့အဲ့လိုအမြင်ကပ်ဖို့ကောင်းတဲ့မိန်းမကိုမှ ချစ်မိရတာလဲ " "ဒီမှာ ဒို့အသက်အရွယ်က မင်းနဲ့ကစားဖို့အချိန်မရှိဘူး အဲ့ဒါမင်းနားလည်ထား နောက်တခါ အဓိပ္ပာယ်မရှိတဲ့စကားတွေ ဒို့ကိုလာမပြောနဲ့...