part 17

172 4 0
                                    

ငွေမျှင်ရောင်သန်းသော ဖန်သားနန်းတော်

အပိုင်း(၁၇)

နေ့ရက်တိုင်း မနက်ခင်းတိုင်းက နာကျင်မှုနဲ့နိုးထရတာသူမမုန်းလာသည်။

သူ့ဘက်က ပြတ်သားနိုင်တာကို ကိုယ့်ဘက်က ဥ‌ပေက္ခာမပြုနိုင်တာကိုလည်း မုန်းသည်။

ပါးပြင်ထက်မှာ မခမ်းခြောက်နိုင်သေးတဲ့ ကိုယ့်မျက်ရည်တွေကိုလည်းမုန်းသည်။

အမြဲတမ်းသတိရတမ်းတနေတက်သည့်ကိုယ့်စိတ်ကိုလည်းမုနိးသည်။

သို့သော် သူမရှေ့ဆက်ရအုံးမယ် ဆယ်ကျော်သက်တွေလို အချစ်ကိုကိုးကွယ်ပြီး ပြိုလဲနေလို့မဖြစ်။

သူမနောက်မှသူမကြည့်ရှု့ရမဲ့လူတွေ သူမငဲ့တွက်ရမဲ့လူတွေရှိသေးတယ်။

တက်နိုင်‌သမျှတော့ ကိုယ့်ဘက်က ပြန်မဆက်သွယ်မိအောင် သူမကြိုးစားရအုံးမည်။

သူတောင်နေနိုင်တာ ကိုယ်ကဘာလို့မနေနိုင်ရတာလဲဆိုသည့် မာနလေးကို အတင်းမရမကထားမိသည်။

သို့နဲ့မြတစ်ယောက် သူမ၏တာတန်ဝတ္တရားတို့အတွက် အချစ်ဆိုသည့်အရာကို ခေတ္တမေ့ဖျောက်နိုင်အောင်ကြိုးစားနေလေသည်။

သို့ပေမယ့် စိတ်ထောင်းကိုယ်ကြေဆိုတဲ့အတိုင်း စိတ်မကျမ်းမာတဲ့အပြင် မေ့ဖျောက်နိုင်ဖို့ အလုပ်ကိုသာဖိလုပ်နေ၍ သူမမျက်နှာလေးမှာ သိသိသာသာချောင်ကျလို့နေသည်။

သူမခုနောက်ပိုင်း စတီးလက်ကိုင်ထောက်ဖြင့် မတ်တပ်ရပ်၍ လမ်းလျှောက်ကျင့်ဖြစ်နေသည်။

ငွေသော်တာက ဘေးကနေ သူမကို ထိန်းပေးနေတာမို့ အဆင်ပြေနေ၏။

လဲကျရင် ပြန်ထဖို့က သူမတာဝန်မို့ လွမ်းစရာရှိလာခဲ့ရင်နာကျင်ရတာနဲ့ပြန်လည်ဖြေဖျောက်ရအုံးမည်။

"မြ နင်အဆင်ပြေရဲ့လား"

မြဧည့်ခန်းတွင် MacBook ဖြင့် တင်ပို့မှုနှုန်းထားတွေစစ်နေတုန်း အသံခပ်နိမ့်နိမ့်ဖြင့် ပြောကာ သူမဘေးဝင်ထိုင်လာသည့် ဖြိုးကိုမော့ကြည့်ကာ

"ပြေပါတယ် ဘာလို့"

"နင်ဒီတလောတအားချောင်သွားတယ် ကိုအာကာရောပြန်ဆက်သွယ်သေးလား"

ငွေမျှင်ရောင်သန်းသော ဖန်သားနန်းတော်(Completed)Donde viven las historias. Descúbrelo ahora