ငွေမျှင်ရောင်သန်းသော ဖန်သားနန်းတော်
အပိုင်း(၂၅)
"ဘယ်လိုလုပ်ကြမလဲ မြကိုစိတ်ပူလိုက်တာ အဲ့ကောင်တွေက ဘယ်တုန်းကလွတ်လာကြတာလဲ"
ဖြိုး သူမဖုန်းပြောပြီးချိန် မြကိုမေတွ့ေတာ့၍ ထိုနေရာအနှံ့လိုက်ရှာပါသော်လည်း ဘယ်မှာမှမတွေ့ခဲ့ပါ။
ထို့ကြောင့်ပန်းဥယျာဉ်မှ CCTVကိုပြန်တောင်းကြည့်လိုက်ချိန် မြကို လူနှစ်ယောက်ဖမ်းခေါ်သွားမှန်းသိလိုက်ရသည်။
ခေါ်သွားတဲ့လူထဲက တစ်ယောက်ရဲ့မျက်နှာကို အနီးကပ်ဆွဲကြည့်လိုက်ချိန် ပပနှင့် ပြဿနာတက်ထားသည့် ကောင်တွေမှန်းသိလိုက်ရ၍ မြကို အငြှိုးဖြင့် ဖမ်းခေါ်သွားကြမှန်းသိလိုက်ရသည်။
ထို့ကြောင့် မြအတွက်ပို၍စိတ်ပူနေရတော့သည်။
ဖြိုး ထိုအရာကိုသိလျင်သိချင်းပင် သက်ဆိုင်ရာ၌အမှုဖွင့်ကာ ထိုလူတွေရှိနိုင်တဲ့နေရာအနှံ့လိုက်ရှာခဲ့သည်။
အိုက်ထန်တို့လည်း သိသိချင်း သူမနှင့်အတူမြအားလိုက်ရှာကြသည်။
သို့သော် ထိုလူတွေအားလုံးကိုသူတို့နေအိမ်များ၌ပင် မတွေ့ရကာ ခြေရာပျောက်နေကြ၍ ခြေကုန်လက်ပမ်းကျလျက်ညဆယ်နာရီတွင်အဆောင်သို့ပြန်ရောက်ခဲ့သည်။
ဖြိုး ဆိုဖာပေါ်ခွေခနဲ ထိုင်ချလိုက်ချိန် မျက်ရည်များကအတားအဆီးမရှိကျလာရသည်။
"အစ်မဖြိုး ကျွန်တော် ထပ်လိုက်ရှာလိုက်အုံးမယ်"
ဟုဆိုကာ ဖြိုးအပြောကိုတောင်မစောင့်တော့ဘဲ ကားသော့ယူ၍ ထွက်သွားသည်။
နွယ်ကတော့ ဖြိုးဘေးတွင်လာကာ သံပုရာရည်လညတိုက်သည်။
အိုက်ထန်သည်လည်း သူမနည်းတူ စိတ်နဲ့ကိုယ်နဲ့ကပ်ပုံမရဘဲ မြကို မတွေ့မချင်းရှာဖို့သံဓိဌာန်ချထားပုံရသည်။
အိုက်ထန် ရင်တစ်ခုလုံးစုတ်ပြတ်သတ်နေကာ ပူလောင်လို့နေသည်။
မျက်ရည်တွေကလည်း ပါးပြင်၌စိုစွတ်နေပြီး အမြင်အာရုံတွေမှာ မျက်ရည်စတွေကြားဝေဝါးနေရသည်။
YOU ARE READING
ငွေမျှင်ရောင်သန်းသော ဖန်သားနန်းတော်(Completed)
Romance"အဲ့မိန်းမက ပိုက်ဆံချမ်းသာတယ်ဆိုပြီး ဘဝင်လေဟပ်နေတာ....ကျစ်.... ငါကလဲ ဘာလို့အဲ့လိုအမြင်ကပ်ဖို့ကောင်းတဲ့မိန်းမကိုမှ ချစ်မိရတာလဲ " "ဒီမှာ ဒို့အသက်အရွယ်က မင်းနဲ့ကစားဖို့အချိန်မရှိဘူး အဲ့ဒါမင်းနားလည်ထား နောက်တခါ အဓိပ္ပာယ်မရှိတဲ့စကားတွေ ဒို့ကိုလာမပြောနဲ့...