ငွေမျှင်ရောင်သန်းသော ဖန်သားနန်းတော်🪄
အပိုင်း (၁၂)
မြရန်ကုန်ကိုပြန်ရောက်ချိန် ဖြိုးဖြိုးကမြကွန်ဒိုကိုပြောင်းလာကာ မြနှင့်အတူနေပေးသည်။
ရန်ကုန်ရောက်ပြီး နောက်နှစ်ရက်မှာ ကိုက သူ့မိဘတွေနဲ့မြကိုပေးတွေ့သည်။
ကို့မိဘတွေက မြကိုစတွေ့တွေ့ချင်း သိသိသာသာမျက်နှာပျက်နေကြတာကိုမြရိပ်စားမိပါသည်။
ဒါပေမယ့်လည်း နောက်တစ်ပတ်မှာ စေ့စပ်ပွဲကို နိုဗိုတယ်မှာ နှစ်ဖက်အသိမိတ်ဆွေတို့နှင့်လုပ်ဖြစ်လိုက်သည်။
မြဘက်က အကိုတွေအမတွေရောက်လာကြတာ ပထမဆုံး မြအခြေအနေကိုသိသွားကြတော့ရှော့ရသွားကြသည်။
စိတ်မကောင်းဖြစ်နေကြရင်းပဲ ကို့ကိုကျေးဇူးတွေတင်နေကြတာ မြကိုတန်ဖိုးထားပေးဖို့အထပ်ထပ်မှာကြသည်။
စေ့စပ်ပွဲ၌ သူမတို့ဘက်က ပြုံးပြုံးရွှင်ရွှင်ပေမယ့် ကို့ဘက်ကတော့ မတက်မဖြစ်လို့သာတက်ရဟည့်ပွဲတစ်ပွဲလို ထုံးမှိုင်းနေခဲ့ကြသည်
ကိုကတော့ ချွင်းချက်အနေနဲ့ အပျော်ဆုံးလူသားဖြစ်နေကာ မြလက်ကိုလည်း ပွဲတစ်လျှောက်လုံး မလွတ်ဘဲ မြဲမြံစွာဆုပ်ကိုင်ပေးခဲ့သည်။
ပြုံးပျော်နေတဲ့ကို့မျက်နှာကြောင့် မြမှာ သိမ်ငယ်စိတ်တို့ကြားမှ ကြည်နူးခဲ့ရသည်။
စေ့စပ်ပွဲပြီးတာနဲ့ ကိုက အထူးကုဆရာဝန်တို့ဖြင့်သေချာလိုက်အပ်ပေးကာ အကူနပ်စ်တစ်ယောက်ကိုပါငှားစေလျက် အစစအရာရာသေချာစီစဉ်ပေးသွားခဲ့ပြီးမှသာ ဩဇီကို ပြန်သွားလေသည်။
ကိုပြန်သွားချိန် မြအစ်ကိုနှင့်အစ်မဖြစ်ကြတဲ့ မဆောင်းမြသော် ကိုဆောင်းရန်ပိုင်တို့က မြနဲ့လာနေဖို့ပြောပေမယ့် တစ်ဖက်မှာလည်းသူတို့မိသားစုနဲ့စီးပွားရေးအတွက်ပြစ်ထားလို့မရတာ မြနားလည်တာမို့ မြ အဆင်ပြေတဲ့အကြောင်း မနည်းပြောကာ ပြန်လွှတ်ရသည်။
မြသည် မြအတွက်နှင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်ပါ။
YOU ARE READING
ငွေမျှင်ရောင်သန်းသော ဖန်သားနန်းတော်(Completed)
Romance"အဲ့မိန်းမက ပိုက်ဆံချမ်းသာတယ်ဆိုပြီး ဘဝင်လေဟပ်နေတာ....ကျစ်.... ငါကလဲ ဘာလို့အဲ့လိုအမြင်ကပ်ဖို့ကောင်းတဲ့မိန်းမကိုမှ ချစ်မိရတာလဲ " "ဒီမှာ ဒို့အသက်အရွယ်က မင်းနဲ့ကစားဖို့အချိန်မရှိဘူး အဲ့ဒါမင်းနားလည်ထား နောက်တခါ အဓိပ္ပာယ်မရှိတဲ့စကားတွေ ဒို့ကိုလာမပြောနဲ့...