ငွေမျှင်ရောင်သန်းသော ဖန်သားနန်းတော်🪄
အပိုင်း(၁၃)
ဒေါ်မိုးမိုးအေး ဒီနေ့မီနူးအဖြစ် ကြက်ကုလားချက်နှင့် ငါးပိထောင်းရှယ်ထောင်းထားကာ မီးဖိုဆောင်ထဲ ချက်ပြုတ်ရင်းအလုပ်ရှုပ်နေလေသည်။
"ဒေါ်အေး ကျွန်တော်ဘာကူညီပေးရမလဲ"
နောက်ကကြားလိုက်ရသည့် ခပ်ဩဩအသံကြောင့် ဒေါ်အေးလှည့်ကြည့်လာကာ
"ဟဲ့ သား ဒီနေ့ကျောင်းသွားရမှာမလား"
"မဟုတ်ဘူးလေ ကျောင်းက နှစ်ပတ်တစ်ခါပဲတက်ရတာဒေါ်အေး"
"အော် အေအေ ဒါနဲ့ သားအားရင် ဘေးတိုက်က ကုန်စုံဆိုင်မှာ မာစလာလေးသွားဝယ်ပေးပါလားသား"
"ဟုတ်ကဲ့"
အိုက်ထန် ဒေါ်အေးကမ်းပေးသည့် ငါးရာတန်ကိုယူကာ မီးဖိုခန်းထဲမှထွက်လာခဲ့သည်။
"ဟဲ့ ဟဲ့ ဟိုမှာ အဆင်လေးထွက်လာပြီး"
"အိုက်စ် အရပ်မြင့်ပြီး ရုပ်လေးကမိုက်လိုက်တာ ငါပြောပါတယ် တိုင်းရင်းသားအဆင်လေးပါဆို ရုပ်လေးကအကြည်ဓာတ်လေးကြည့်ပါလား"
"အေ့နော် စလာတုန်းက သူ့အသားဖြူတာ နီတောင်နီတယ် ခုနောက်ပိုင်း နေပူထဲပစ္စည်းလိုက်ပို့ရလို့နဲ့တူတယ် မစိုစလောက်လေးတောင် ညိုချင်လာသလိုလို ငါ့ကောင်လေးသနားပါတယ်"
အိုက်ထန်ဖြတ်လာသည့် ဒုတိယထပ်ရှိ သင်တန်းသူတစ်စုမှာ အိုက်ထန်ကိုမျက်စိတစ်ဆုံး လိုက်ကြည့်၍ ပြောနေကြခြင်းဖြစ်သည်။
"အဲ့ဒါက ဘာလုပ်နေကြတာလဲ"
"အဆင်လေးကို သနားနေတာ အယ်....ဆန်းဆေး"
သုံးယောက်သား အိုက်ထန်နောက်မျက်လုံးတွေပါသွားကာ ခုံပေါ်မှေးထောက်ပြီး ငမ်းနေကြသည့် သူမ သင်တန်းသူအရွမလေးတွေကို မျက်စောင်းထိုးလိုက်မိသည်။
"အဆင်ကိုသွားသနားမနေနဲ့ ကိုယ့်ဘာကိုယ်ဘဲအရင်သနားကြ နောက်လ Net Testဖြေရတော့မယ် N4လေးရတာနဲ့ တော်လှပြီးမှတ်မနေကြနဲ့အုံး ခုကN3အောင်မှ လက်ခံမယ်တဲ့ မမတွေ "
ဖြိုးမေသွယ် ပြောရင်း စာအုပ်ဖြင့် နီးစပ်ရာ ဖြူဖြူ သေးသေး ပပခေါင်းကိုလှမ်းခေါက်လိုက်သည်။
ESTÁS LEYENDO
ငွေမျှင်ရောင်သန်းသော ဖန်သားနန်းတော်(Completed)
Romance"အဲ့မိန်းမက ပိုက်ဆံချမ်းသာတယ်ဆိုပြီး ဘဝင်လေဟပ်နေတာ....ကျစ်.... ငါကလဲ ဘာလို့အဲ့လိုအမြင်ကပ်ဖို့ကောင်းတဲ့မိန်းမကိုမှ ချစ်မိရတာလဲ " "ဒီမှာ ဒို့အသက်အရွယ်က မင်းနဲ့ကစားဖို့အချိန်မရှိဘူး အဲ့ဒါမင်းနားလည်ထား နောက်တခါ အဓိပ္ပာယ်မရှိတဲ့စကားတွေ ဒို့ကိုလာမပြောနဲ့...