ငွေမျှင်ရောင်သန်းသော ဖန်သားနန်းတော်
အပိုင်း(၂၆)
အိုက်ထန် မှော်ဘီမြို့ပြင်သို့ရောက်လာချိန် တည်နေရာ ရပ်တန့်နေသည်မို့ မှောင်မှောင်မဲမဲ ခြုံတွေပဲရှိသည့်အတွက် စိတ်ညစ်ကာခေါင်းကိုထိုးဖွမိသည်။
ကွင်းပြင်ကြီးပဲမြင်ရတာမို့ ဘယ်ကိုဆက်သွားရမှန်းသူမသိတော့ပါ။
စိတ်တေွလည်းအလောကြီးလောနေသည်မို့ စိတ်ပေါက်ပေါက်နှင့် ကားစီယာတိုင်ကိုသာ တဘုန်းဘုန်းထုနေမိတော့သည်။
"ဟာကွာ...."
သို့သော်သူလက်မလျော့ပါ။
ဘာသဲလွန်စမှမရရင်တောင် သူမကိုမတေွ့တွေ့အောင်ရှာမည်။
ထို့ကြောင့် သူကားပေါ်မှဆင်းကာ တည်နေရာအချက်ပြသည့်အနီစက်လေးရပ်တန့်နေသည့် ထိုကွင်းပြင်ကြီး၏ဘေးဘီဝဲယာကို ကျီးကန်းတောင်မြောက်လိုက်လံစူးစမ်းမိသည်။
ထိုစဉ် သူရောက်နေသည့်ကွင်းပြင်၏ တောင်ဘက်ရှိနှစ်ရှည်ပင်ကြီးများနောက်၌ ငါးထပ်တိုက်ပျက်တစ်ခုကိုမြင်လိုက်ရလေသည်။
ထို့ကြောင့်ပဲ ထိုနေရာဆီ မြက်ပင်ခြုံပုတ်များအား နင်း၍ သွားလိုက်သည်။
သူ ထိုတိုက်ပျက်ကြီးရှေ့ရောက်ချိန် အနက်ရောင်ကားတစ်စီးလည်းရှိနေသည်မို့ သူစိတ်ထဲ မျှော်လင့်ချက်လေး တစ်ခုဝင်လာကာ တိုက်ပေါ်သို့ အားတက်သရောပြေးတက်သွားမိသည်။
"မ....မ ရှိလား မ ဘယ်မှာလဲ"
သူတိုက်ရှိလှေကားထစ်တွေပေါ်ပြေးတက်ရင်း တစ်ထပ်ချင်းစီ၌အသံပြုကာအော်ခေါ်လိုက်သည်။
"မ ကျွန်တော့အသံကြားရလား ဟေ့ကောင်တွေ မင်းတိုယောက်ျားမဟုတ်ဘူးလား ဟမ် သတ္တိရှိရင် ထွကါလာခဲ့ကြ"
သူ မိုက်ကြေးကွဲသည့်စိန်ခေါ်သံဖြင့် အော်ဟစ်လိုက်ချိန် အပေါ်ထပ်မှ ပြေးဆင်းလာသံတစ်ခုကြားလိုက်ရသည်။
သူရောက်နေသည့် သုံးထပ်မှ လှေကားများဆီကြည့်လိုက်ချိန် အရပ်မြင့်မြင့်ပိန်ပိန်နှင့်လူတသ်ယောက်သည် စတီးတုတ်ကိုင်၍ ပြေးဆင်းလာသည်။
أنت تقرأ
ငွေမျှင်ရောင်သန်းသော ဖန်သားနန်းတော်(Completed)
عاطفية"အဲ့မိန်းမက ပိုက်ဆံချမ်းသာတယ်ဆိုပြီး ဘဝင်လေဟပ်နေတာ....ကျစ်.... ငါကလဲ ဘာလို့အဲ့လိုအမြင်ကပ်ဖို့ကောင်းတဲ့မိန်းမကိုမှ ချစ်မိရတာလဲ " "ဒီမှာ ဒို့အသက်အရွယ်က မင်းနဲ့ကစားဖို့အချိန်မရှိဘူး အဲ့ဒါမင်းနားလည်ထား နောက်တခါ အဓိပ္ပာယ်မရှိတဲ့စကားတွေ ဒို့ကိုလာမပြောနဲ့...