part 8

195 5 2
                                    

ငွေမျှင်ရောင်သန်းသော ဖန်သားနန်းတော်🪄

အပိုင်း(၈)

ဒီနေ့ အိုက်ထန်တစ်ယောက် ဆေးရုံမှဆင်းရမည့်နေ့ဖြစ်သော်လည်း မျက်နှာမရွှင်မလန်းဖြစ်‌နေသည်။

သူ့ခေါင်းကဒဏ်ရာက သက်သာသွားပြီးဖြစ်ပေမယ့် သူ့ရင်ဘတ်ထဲက ဒဏ်ရာကတော့ နာကျင်နေဆဲပင်။

ခင်ဗျား နေနိုင်လိုက်တာ ဒေါ်ဆောင်းမြငွေရည်

ဒီရက်တွေထဲ ခင်ဗျား တစ်ချက်လေးတောင် ကျုပ်ဆီရောက်မလာခဲ့ဘူးပဲ။

အင့်လေ ခင်ဗျားက ကျုပ်ကိုအသိအမှတ်ပြုဖို့တောင် မတွေးတောတာ ကျုပ်လည်း ခင်ဗျားဆီယောင်လို့တောင် မလာစေရဘူး ခင်ဗျားစိတ်ချ

"ဟဲ့ အိုက်ထန် ဘာတွေတွေးနေတာလဲ ဆရာဝန်က ပတ်တီးကိုနောက်တစ်ပတ်ထိစည်းထားလို့ပြောထားတယ်နော် ရေလည်းမစိုစေနဲ့တဲ့ မှတ်ထားအုံးကြားလား"

"အမ် အမ်"

အိုက်ထန် ခေါင်းညိတ်ကာပြီးပြီရော ဆိုလိုက်သည်။

ဒေါ်နန်းကတော့ အိုက်ထန်အင်္ကျီတွေကို အဝတ်အိန်ထဲ ထည့်သိမ်းကာ

"မနေ့က မမမြက အောင်တင့်နဲ့တဆင့် ဆေးရုံစရိတ်ရှင်းပေးသွားတယ်တဲ့ မဲ့းက မမမြ အိမ်မှာချက်ပြုတ်နေရတော့ သူဖုန်းဆက်ပြောနေတာတော့ကြားလိုကါတယ် အိုက်ထန်ကိုတော့ အလုပ်မဆင်းသေးဖို့နဲ့ညနေပိုင်း စာလာပြန်သင်ပါတဲ့ "

"ကျွတ် ရှုပ်ရှုပ်ရှပ်ရှပ်နဲ့ ဘာကိစ္စစာသွားသင်ရမှာလဲ မသွားနိုင်ဘူး"

အိုက်ထန်မကျေနပ်စွာ မျက်မှောင်ကုပ်လျင် ခုတင်အားလက်ဖြင့်ရိုက်ကာဆိုမိသည်။

ဘာအထာလဲ ဒီအဘွားကြီး ....

လူကိုသောက်ဖက်တောင်မလုပ်ခဲ့ပဲနဲ့ ခုမှချွေးလာသိမ့်နေတယ်...

နားစမ်းပါ ဘွားတော်ရာ ခင်ဗျား စေတနာမရှိဘဲ ကျေးဇူးအတင်မခံနိုင်လို့ပြန်ချေပနေတာ ကျုပ်မသိဘူးများမှတ်နေလား....

"တယ် ဒီကောင်လေးကတော့လေ သူများကကူညီပေးတာကို ဘာမသင်ဘူးလည်း ဒီကြားထဲလည်းလိုက်ရားလိုက်ရားနဲ့ စာနဲ့လည်းဝေးနေပြီးတော့ စာမေးပွဲက သိပ်မလိုတော့ဘူးဆို ဘာမှအကြောမရှည်နဲ့ သူများသင်ပေးတုန်းသွားသင်လိုက် "

ငွေမျှင်ရောင်သန်းသော ဖန်သားနန်းတော်(Completed)Where stories live. Discover now