ငွေမျှင်ရောင်သန်းသော
ဖန်သားနန်းတော်🪄အပိုင်း(၂၀)
အား....ကျွတ်ကျွတ်
သူနိုးလာချိန်ထိ ခေါင်းက တူနဲ့ရိုက်ခံထားရသလို ကိုက်ခဲနေတာမို့ ညည်းတွားမိသွားသည်။
မျက်ခွံတို့သည်လည်းလေးလံနေ၍ မနည်းဖွင့်ယူရသည်။
ဟင်....
သူမျက်လုံးများဖွင့်လိုက်ချိန် မြင်လိုက်ရသည့် မျက်နှာလှလှလေးကြောင့် သူအံ့ဩသွားရသည်။
သူ့ရှေ့တွင် ခေါင်းလေးစောင်း၍ မွေ့ယာပေါ်ခေါင်းတင်ထားကာ မျက်လုံးများမှိတ်လို့ထားသည့် သူမ။
ကြည်တောက်တောက်မျက်နှာလေးက အကြောလေးတွေယှက်ဖြာနေကာ ဖွေးနုနေလေသည်။
အိပ်ပျော်နေ၍ ပန်းနုရောင်နှုတ်ခမ်းလေးကလည်း အနည်းငယ်ဆူနေသယောင်
သူ့မှာ သူမရဲ့မျကိနှာလေးကိုငေး၍ ရင်ထဲ ပျော်မြူးနေရသည်။
ထို့နောက် သူဆုပ်ကိုင်ထားမိသည့် သူမလက်ဖဝါးနွေးနွေးက သူ့ပါးမှာကပ်နေလေပြီး နဖူးပေါ်၌ ခပ်အေးအေးအထိအတွေ့က သူမ သူ့ကိုရေပတ်ဝတ်တင်ထားပေးတာပေါ့။
သူမ သူ့အတွက် ခုလိုဂရုစိုက်ပေးသည်ကိုသိလိုက်ရချိန် ရင်ထဲအတိုင်းမသိအောင် ဝမ်းသာရသည်။
ဒီအခိုက်အတန့်လေးကို သူရပ်ထားမိချင်သည်။
သူမမျက်နှာလေးကိုအနီးကပ်ကြည့်ခွင့်ရတဲ့ တဒင်္ဂလေးက သူ့အတွက် သေမယ်ဆိုသေပျော်ပါပြီး။
ထို့ကြောင့် သူမနိုးမှာဆိုး၍ သူသည်လည်းအသက်တောင် ပြင်းပြင်းဝရှုဝံ့ပါ။
ဆုပ်ကိုင်ထားမိသည့် လက်ဖဝါးတစ်ဖက်ဟာကျင်တက်လာပေမယ့် သူမလွှတ်မိဘဲ ဘာလှုပ်ရှားမှုမှမပြုမိအောင်ထိန်းထားရသည်။
မဟုတ်လျှင် သူမနိုးသွားပါလိမ့်မည်။
သူရူးရမတက်ချစ်ရတဲ့သူမက သူရူးရလောက်အောင်လည်းလှတာကို။
ခုလည်းကြည့်ပါလား အိပ်နေတာလေးကတောင် ပုံပြင်ထဲက မင်းသမီးလေးတစ်ပါးလို ခမ်းနားနေသည်။
YOU ARE READING
ငွေမျှင်ရောင်သန်းသော ဖန်သားနန်းတော်(Completed)
Romance"အဲ့မိန်းမက ပိုက်ဆံချမ်းသာတယ်ဆိုပြီး ဘဝင်လေဟပ်နေတာ....ကျစ်.... ငါကလဲ ဘာလို့အဲ့လိုအမြင်ကပ်ဖို့ကောင်းတဲ့မိန်းမကိုမှ ချစ်မိရတာလဲ " "ဒီမှာ ဒို့အသက်အရွယ်က မင်းနဲ့ကစားဖို့အချိန်မရှိဘူး အဲ့ဒါမင်းနားလည်ထား နောက်တခါ အဓိပ္ပာယ်မရှိတဲ့စကားတွေ ဒို့ကိုလာမပြောနဲ့...