part 6

212 5 0
                                    

ငွေမျှင်ရောင်သန်းသောဖန်သားနန်းတော်🪄

အပိုင်း(၆)

"မင်းကို အဲ့လိုမတွက်ရဘူးလို့ဘယ်နှ‌ခါပြောရမလဲ"

မြက ပြောလည်းပြော လက်ကလည်းမြန်သည် ။
အိုက်ထန် ခေါင်းကို ခေါက်လိုက်သည်မှာ ဂွတ်ခနဲ

ထိုအခါ ထိုငနဲလေးက မကျေမနပ်မျက်လုံးလှန်ကြည့်ကာ

"ခင်ဗျား များနေပြီးနော်"

ဟုတ်သည်။
သူမနှင့် စာသင်တာ တစ်ပတ်အတွင်း သူ့ခေါင်းလည်း ‌ကြိမ်းလို့နေပြီ။
အားအာရှိ မမလို စိတ်ရှည်လက်ရှည်ပြန်ရှင်းပြမယ်မရှိဘူး ခေါင်းကို တဂွတ်ဂွတ်နှင့် ခေါက်နေတာ မမစကားကြောင့်တော်တော်လေးသည်းခံနေခဲ့ရတာ....

ခုပဲ သူ‌့ဒေါသက အရှေ့က မိန်းမကို ကိုင်ပေါက်ချင်နေလေပြီး။

"အောင်မယ် လူကလက်တောက်လောက်နဲ့ ကိုယ့်ကိုစာသင်ပေးတဲ့လူကို ပမာမခန့်ပြန်ကြည့်နေတယ် ငါထပ်ခေါက်လိုက်ရ"

သူမက လက်ကိုမြှောက်ကာ ထပ်ရွယ်တာမို့ သူအမြန်ခေါင်းကိုနောက်ရှောင်လိုက်ကာ

"မမကြောင့်နော် မမကြောင့် မနည်းသည်းခံနေတာ အကောင်းမထင်နဲ့"

"အေ ငါလည်း ငါ့သူငယ်ချင်းကြောင့် မလွဲသာလို့ မင်းလို နားမပါတဲ့‌ငနဲကိုစာသင်ပေးနေရတာ"

ဒီလိုပါပဲ သူမတို့နှစ်ယောက်စာသင်ပြီးဆို ဖြိုးမေသွယ်နှင့်ဆို ချက်ချင်းနားလည်သဘောပေါက်ကာစာလိုက်လုပ်တက်သည့် အိုက်ထန်က ခုသူမစကားကိုနားလည်း‌မထောင်သင်ပြရင်လည်းအာရုံမစိုက် ဘောပင်လှည့်ကစားချင်ကစားနေသည်။

လက်မှာ အရုပ်တွေလျှောက်ဆွဲချင်ဆွဲနေသည်။

တခါတလေ ဟိုငေးဒီငေးနှင့် မြကလည်း နဂိုတည်းကစိတ်မရှည်သူမို့ သူမပြောတာ နားမထောင် ပြန်တွက်ခိုင်းရင်လည်းပေါက်ကရလုပ်လာတာမို့ ဒေါသက ထွက်ရကာ လက်ကအလိုလို ပါရသည်

အဲ့ဒါတွေကြောင့်သူမစာမသင်ချင်တာ ...စိတ်မရှည်တက်သည့်သူမအတွက် ဒီအလုပ်ကမသင့်တော်ဆုံးပင်။

သူမအတွေးထဲ စာသင်သာစားရင် သူမမြန်မြန်အိုစာမှာဖြစ်သလို ဒေါသကြောင့်အသက်တိုရကိန်းရှိသည်။

ငွေမျှင်ရောင်သန်းသော ဖန်သားနန်းတော်(Completed)Donde viven las historias. Descúbrelo ahora