part 4

206 6 0
                                    

🪄ငွေမျှင်ရောင်သန်းသော ဖန်သားနန်းတော်🪄

အပိုင်း(၄)

မြ၏ခြံလေးသည်တောင်ပေါ်၌တည်ဆောက်ထားသဖြင့် ခြံ၏အနောက်ဘက်နှင့်မျက်နှာချင်းဆိုင်တွင်တော့ရှမ်းရိုးမတောင်တန်းကြီးကစီးကာလို့ထား၏။

မြ ဆင်စွယ်ရောင် ဂါဝန်လေးဖြင့် ဝီးချဲပေါ်ထိုင်လျက်ကော်ဖီတစ်ခွက်အားအရသာခံကာ ရှမ်းရိုးမတောင်တန်းကြီးကိုမျက်နှာမှုထား၍ငေးမောနေမိသည်။

ရှု့မဆုံးမောမဆုံးလှသည့် စိမ်းစိုအုပ်မှိုင်ကာ ဘယ်ပန်းချီရေးမမှီနိုင်သော သွယ်တန်းလှသည့် ရိုးမတောင်တန်းကြီးက အလွမ်းအငွေ့အသက်တွေဖြန့်ကြန့်လို့နေသည်။

မှိုင်းပြပြ ကောင်းကင်ပြင်ကြီးအောင် စိမ်းညှို့ညှို့တောင်တန်းကြီးက အတွေးတွေကို ဝေးလံခေါင်ပါးသည့်တစ်ဆနရာကိုခေါ်ဆောင်လို့ထားသည်။

စိတ်အစဉ်မှာလည်း လေအဟုန်လို မျောလွင့် ပျံသန်းလို့နေ၏။

တိတ်ဆိတ်ခြင်း၌ တစ်ခါတစ်ခါပေါ်ထွက်လာတက်သော ကျေးငှက်တို့၏တွန်းကြူးသံ သစ်ပင်သစ်ခက်တို့၏ လေတိုက်လိုက်၍ ပွတ်တိုက်ရှပ်သံတို့ကို ကြားနေရ၏။

မြ မျက်လုံးများကိုမှိတ်လျက် သဘာဝကပေးသော နူးညံ့ခြင်းများထဲ စီး‌ေမျာနေမိသည်။

"မဲး မဲး ဘယ်မှာလဲ"

အိမ်ရှေ့မှထွက်ပေါ်လာသော ခပ်ဝ‌ဲဝဲအသံစာစာတစ်ခုကြောင့် မြငြိမ်းချမ်းခြင်းတို့လွင့်ပါးသွားရကာအာရုံပျက်သွားရပြီး လူကအလိုလိုမျက်ခုံးကြုတ်မိလိုက်သည်။

ဒေါ်နန်းယေ့နွမ် မီးဖိုခန်းဘက်မှ ထွက်လာကာခြံရှေ့မှ အော်ဟစ်နေသောသားဆီသွားကာ ပုခုံးကိုဖြက်ရိုက်လိုက်သည်။

"ဟဲ့ ဘာလို့အော်ဟစ်နေတာလဲ ဟိုးအနောက်မှာ မမမြ ရှိနေတယ် "

"သူ့ဘာသူရှိရှိပေါ့ ဘာလုပ်ရမှာလဲ မဲးကမမိုက်ဘူးဗျာ....မနက်အလုပ်သွားဖို့ကိုဘာမှလည်း စားဖို့မထားခဲ့ဘူး ပေါ့ ကျထမင်းချိုင့်နဲ့"

"ဟယ် မဲး  အိုက်ထန်အတွက်ထည့်ခဲ့တယ်ထင်တာ ဟင်း အသက်ကကြီးလာတော့ မှတ်ဉာဏ်တွေလည်းမကောင်းတော့ဘူး"

ငွေမျှင်ရောင်သန်းသော ဖန်သားနန်းတော်(Completed)Where stories live. Discover now