part 23

189 5 2
                                    

"မင်းနဲ့တို့ ရှေ့ဆက်လက်တွဲလုပ်ဖို့မဖြစ်နိုင်တော့ဘူး အိုက်ထန် မဟုတ်ရင် မင်းလည်းထိခိုက်တယ် တို့လည်း သိက္ခာကျတယ် တို့က မာနကို ဘုရားလိုကိုးကွယ်တဲ့လူမို့ ဘာကိစ္စသေးသေးမွှားမွှားလေးနဲ့မှ တို့မာနကိုအထိအခိုက်မခံနိုင်ဘူး အဲ့တော့ မင်း အဆင်ပြေအောင် မင်းအတွက် ရုံးခန်းနဲ့လိုအပ်တာတွေတို့ ကူညီပေးမယ် မင်းတက်တဲ့ပညာနဲ့ graphic designer တစ်ယောက်ဖြစ်အောင် ကြိုးစားပေါ့ မင်းအ‌ဆင်ပြေမှ တို့ကို ကုန်ကျစရိတ်ပြန်ဆပ်လို့ရတယ်"

ခါးသက်သက် ဝီစကီအရသာက လည်ချောင်းထဲစူးကာ စပ်ဖြင်းဖြင်းနှင့် အူလမ်းကြောင်းတစ်လျှောက်စီးဆင်းသွားသည်။

ခံစားရခက်သည့် သူ့ရဲ့ဝေဒနာတွေ ပြင်းရှရှဝီစကီတစ်ခွက်ပြီးတစ်ခွက်သောက်ရင်းမျှောချလည်း လျော့ပါးမသွားပါ။

ကျွန်တော် ဘယ်လိုလုပ်ရမလဲ မရယ်
မကို အရမ်းချစ်တဲ့ကောင်က မ အနားနေရဖို့ ကျွန်တော့ရင်ထဲကအချစ်တွေကိုမြိုသိမ့်ထိန်းချုပ်ထားခဲ့ကတာ

ခုတော့ မ မျက်နှာလေးတောင် မြင့်ခွင့် ကျွန်တော့ဆီမှာ မရှိတော့ပါလား

သူ ဝီစကီနောက်တစ်ခွက်ကို ‌မျက်လုံးမှိတ်မော့ချလိုက်ချိန် နားထင်တစ်လျှောက်ပူလို့သွားသည်။

သူငိုနေတာပါလား....

သူ့ ရင်ထဲ နာကျင်လွန်း၍ သူ‌ကိုယ်တိုင်သတိမထားမိလိုက်ချိန် မျက်ရည်တို့က ပေါ်ပေါက်လာကြသည်။

ဘုတ်....

ထူပိန်းကာ လေးလွန်းသောခေါင်းကြောင့် ဘားကောင်တာပေါ်သို့ ခေါင်းမှောက်ကျသွားရတော့သည်။

ကလပ်ထဲ၌ မြူးကြွသည့်သီချင်းသံကျံ့လွင့်နေကာ ကခုန်နေကြသည့်လူအုပ်ကလည်း ရောင်စုံမီးများကြား
လက်လက်ထလို့နေသည်။

"ဝေး ဝူး...."

နွယ် နုတ်ခမ်းနားလက်လေးကာကာ ခပ်မြူးမြူးဖြစ်နေသော စိတ်တို့နဲ့ ‌အော်ဟစ်လိုက်သည်။

ပုဝါပြောင်းပြန်စည်းထားသလို တိဂြံပုံ ရင်စည်း ခရော့တော့လေးဖြင့် ဒူး‌လယ်လောက်ရှိသော ဂျင်းအနက်ရောင် ဘောင်းဘီတိုနှင့် မဟောဂနီရောင်ပြောင်းဆိုးထားသည့်ဆံပင်အခွေအလိပ်များကို ရင်ဘတ်ရှေ့နှစ်ဖက်၌ချ၍ လက်ကိုမြှောက်ထားကာ ဝေ့ယမ်းလျက် ခန္ဓာကိုယ်အား အလိုက်သင့် လှုပ်ခါနေသော သူမ။

ငွေမျှင်ရောင်သန်းသော ဖန်သားနန်းတော်(Completed)Wo Geschichten leben. Entdecke jetzt