ငွေမျှင်ရောင်သန်းသော ဖန်သားနန်းတော်
🪄အပိုင်း(၁၄)
"အဲ့ဒါဆို သက်ဆိုင်ရာကိုတိုင်ရမှာပေါ့ ဒီကိစ္စက မိန်ူကလေးတစ်ယောက်ကိုလည်းမတရားကြံစည်တယ် လူတစ်ယောက်လုံးကိုလည်းဆေးရုံရောက်ရတဲ့ထိ ဝိုင်းရိုက်ကြတာ မင်းမဲ့စရိုက်ဆန်လိုက်တာ"
မြ အဖြစ်အပျက်တို့ကိုပြန်ကြားချိန် မခံမရပ်နိုင်ဖြစ်ရတာ ရင်ထဲတနုံ့နုံ့နှင့်ခံပြင်းမိသည်။
သို့သော် ဖြိုးဖြိုးကတော့ မျက်နှာ မသာမယာနှင့်သာ
"အဲ့လိုစိတ်လိုက်မာန်ပါလျှောက်လုပ်လို့မရဘူးမြ ငါတိူ့တို့ကိုတိုင်လိုက်ရင် ပထမဆုံးနစ်နာမှာ အစော်ကားခံရတဲ့မိန်းကလေး ဒီနိုင်ငံကနင်သိတဲ့အတိုင်း တရားခံထက် စော်ကားခံရတဲ့မိန်းကလေးကိုသာ မနေတက်မထိုင်တက်လိုဖြစ်တာ ငွေမက်တာကိုခံပေါ့ စတဲ့ ထင်မြင်ချကိတွေနဲ့အရင်ထိုးနှပ်ခံရမှာ"
"ဟ....အဲ့လိုဆိုတိုင်း ငါတို့က ငြိမ်နေရမှာလား လူတွေအမြင်ကိုဘာလို့လိုက်ဂရုစိုက်နေရတာလည်းဖြိုး အဓိကက ကိုယ့်မှာအမှန်တရားရှိနေဖို့ပဲမဟုတ်လား တကယ်လို့ ငါတို့ဒီတိုင်းငြိမ်ကုပ်နေလိုက်ရင် အဲ့လိုကောင်က နောက်ထပ် နောက်ထပ် မိန်းကလေးတွေကို သူ့သားကောင်လို ထပ်ပြုမှုအုံးမှာပဲ နောက်ပြီး ဘယ်မိန်းကလေးမှတော့ ကိုယ့်ဘဝအပျက်ခံပြီး မမိုက်မဲဘူးဆိုတာ ထမင်းစားတဲ့လူတိုင်းသိတယ် အဲ့လို တစ်ဖက်စောင်းနှင့် မှားတဲ့လူဘက်ကရပ်တည်တဲ့လူ့အသိုင်းအဝိုင်းဟာလည်း အောက်တန်းစားတွေပဲ အဲ့လိုလူမျိုးတွေရဲ့ ထိုးနှပ်ခံရတော့ရောဘာဖြစ်လဲ ငါဆိုရင်တော့ အမှားတွေလက်ကိုင်ထားတဲ့လူတွေကြားထဲမှာ အမှန်တရားကို ကိုးကွယ်တဲ့လူတစ်ယောက်ရှိနေသေးရင် ငါရင်ဆိုင်မှာပဲ"
မြ မျက်လုံး၊ မျက်နှာတို့မှာ မာထန်နေကာ မာန်ဝင့်နေသော ကျားရဲတစ်ကောင်ပမာ ရဲတင်းလို့နေသည်။
ဖြိုးဖြိုးကတော့ မြကိုမကြည့်နိုင်ဘဲ သက်ပြင်းကိုသာ အခါခါချရင်
"မြ ငါနင့်ကိုအပြစ်ပြောတာမဟုတ်ပေမယ့် ခုဖြစ်နေတဲ့ကောင်မလေးအခြေအနေနဲ့ နင့်အခြေအနေနဲ့ကမတူဘူးလေ
နင့်လို အရာရာပြည့်ဆုံနေတဲ့မိန်းမတစ်ယောက်အတွက် ရင်ဆိုင်ပစ်ဖို့ သတ္တိတွေရှိရင်တော့ အရာရာချို့တဲ့တဲ့ မိန်းကလေးတစ်ယောက်အတွက်ကျတော့ နင်ပြောသလောက်မလွယ်ဘူး
ထားပါတော့ နင်ပြောသလိုတရားရင်ဆိုင်ကြမယ်ပဲထား ငွေကြေးနိုင်နင်းတဲ့ဘက်က ခနလောက်တော့ဟန်ပြ အဖမ်းခံပြီး အချိန်တန်ရင် ငွေနဲ့ဖြေရှင်းပြီး ပြန်ပြီးခေါင်းထောင်နိုင်ပေမယ့် တစ်ဖက်က မျက်နှာမွဲမိန်းကလေးအတွက်တော့ သူ့ဘဝရှေ့ရေးကို ဘယ်လိုရင်ဆိုင်မလဲ...
အရင်ဆုံး ဒီကိစ္စကြောင့် သူ့ဘဝမှာအမဲစက်လို ကြုံလာရမဲ့ယောက်ျားတွေက ဒါကိုအကြောင်းပြပြီးအနိုင်ကျင့်နိုင်သလို
နာမည်ပျက်ထားတဲ့မိန်းကလေးတစ်ယောက်ကို ဘယ်သူကတန်ဖိုးထားချစ်ပေးနိုင်မှာတဲ့လဲ"
YOU ARE READING
ငွေမျှင်ရောင်သန်းသော ဖန်သားနန်းတော်(Completed)
Romance"အဲ့မိန်းမက ပိုက်ဆံချမ်းသာတယ်ဆိုပြီး ဘဝင်လေဟပ်နေတာ....ကျစ်.... ငါကလဲ ဘာလို့အဲ့လိုအမြင်ကပ်ဖို့ကောင်းတဲ့မိန်းမကိုမှ ချစ်မိရတာလဲ " "ဒီမှာ ဒို့အသက်အရွယ်က မင်းနဲ့ကစားဖို့အချိန်မရှိဘူး အဲ့ဒါမင်းနားလည်ထား နောက်တခါ အဓိပ္ပာယ်မရှိတဲ့စကားတွေ ဒို့ကိုလာမပြောနဲ့...